Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းမြို့နယ် စစ်တပ်အထိုင်ချနေရာကို PDF ပူးပါင်းအဖွဲ့ဝင်ရာက်တိုက်ခိုက်

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော ကျေးရွာတစ်ရွာကို မဟာမိတ်ပူး ပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်တပ်အထိုင်ချထားသည့်အဆောက်အအုံတစ်လုံးနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်။ ဓါတ်ပုံ- တပ်ရင်း(၃၈၀၂)တပ်ခွဲ-၂

ဇွန် – ၂၁၊ ၂၀၂၅။ ကျော်ဇာ/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော ကျေးရွာတစ်ရွာကို မဟာမိတ်ပူး ပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဇွန်လ၁၉ရက်နေ့နံနက် ၃ နာရီ ၅၀ ခန့်က ပဲခူးရိုးအစပ် ရွာငံကျးရွာ၌ အင်အား ၃၀ ကျော်ဖြင့်တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် သာယာဝတီခရိုင် ပကဖ အမှတ် ၁ တိုက်ခိုက်ရးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းကပြောသည်။

စစ်တပ်အထိုင်ချထားသည့်အဆောက်အအုံတစ်လုံးနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်။ ဓါတ်ပုံ- တပ်ရင်း(၃၈၀၂)တပ်ခွဲ-၂

“မနှစ်ကတည်းကအဲဒီမှာတပ်စွဲထားတာ။ ကျေးရွာစာသင်ကျာင်းနဲ့ ရွာထဲကအိမ်‌​တွေမှာပါ။ အင်အား ၃၀ ကျော်နဲ့”ဟု စစ်ကောင်စီတပ်အခြေအနေကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်တပ်အထိုင်ချထား​သော​နေရာအား တိုက်ခိုက်ရာတွင် အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီနှင့် မိနစ် ၄၀ ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ ငါးဦး​သေဆုံးကာ ဒဏ်ရာရသူများလည်းရှိရာ လက်နက်ကြီးပစ်ကူအပါအဝင် တပ်ကူများရောက်ရှိလာ၍ ပြန်လည်ဆုတ်ခွာခဲ့ရ‌​ကြောင်း၎င်းကဆိုသည်။သို့​သော် စစ်တပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။

“စကစ တွေက အင်းအားအလုံးအရင်းနဲ့ စခန်းပြန်ဝင်ပြီး ရှင်လင်းရေးတွေ တော့လုပ်ပါတယ် ခင်ဗျ။ သူတို့အထိုင်ချစခန်းကိုပဲ ရှင်းလင်းရေးလုပ်တာပါဗျ”ဟု လက်ရှိအခြေအနေကို တပ်ခွဲ ၂ မှ တာဝန်ရှိသူက ရှင်းပြသည်။

လတ်တလောတွင် စစ်ကောင်စီဘက်မှ အင်အားတိုးချဲ့ချထားပြီး ၎င်းတို့အထိုင်ချနေရာကို နယ် မြေရှင်းလင်း‌​ရေးလုပ်​နေရာ ထိတွေ့တိုက်ပွဲများ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ဒေသအခြစိုက် တော်လှန်ရေးတပ်ဖွဲ့များက ခန့်မှန်းပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာငံကျးရွာသည် ပဲခူးရိုးမအစပ်တွင်တည်ရှိပြီး အိမ်ခြေ ၃၀၀ ကျော်ရှိကာ ဒေသခံပြည်သူများမှာ စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်းလာရောက်တပ်စွဲထားခြင်းကြောင့် ၂၀၂၄ ခုနှစ်ကတည်းကထွက်ပြေးတိမ်း‌​ရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။