Connect with us

Hi, what are you looking for?

သတင်း

မွန်နှင့် ကရင် ပူးပေါင်းတိုက်ခိုက်သည့် ကျုံဒုံးတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်များ၊ တပ်ရင်းမှူးနှင့် ဒုရင်းမှူး ဒဏ်ရာရ

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ရာမညမွနfတပ်တော်(RMA)တို့ ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃၀ဦးထက်မနည်း သေဆုံးကာ စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ဒဏ်ရာရခဲ့ဟု မွန်တပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဝတ်စုံအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - MLA

ဇွန်-၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ရာမညမွနfတပ်တော်(RMA)တို့ ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃၀ဦးထက်မနည်း သေဆုံးကာ စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ဒဏ်ရာရခဲ့ဟု မွန်တပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ဇွန်လ ၁၉ရက်က ဖော်ဆောင်ခဲ့သည့် မွန်-ကရင်စစ်ဆင်ရေးတွင် ကျုံဒိုးမြိုမှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ တပ်မ(၄၄)၊ (၅၅)တို့နှင့် ခုနစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟု ရာမညမွန်တပ်တော်အဖွဲ့ဝင် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)အသိပေးသည်။

“တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးက ထိခိုက်ဒဏ်ရာပဲ ရသွားကြတာပါရှင့်။ သေဆုံးစာရင်းထဲ မပါဘူးရှင့်” ဟု မွန်တပ်ဖွဲ့ သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ကျုံဒိုးတိုက်ပွဲ စစ်ကောင်စီတပ်ဘက်က အရာရှိများ ထိခိုက်မှု အခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း အထိအခိုက်ရှိခဲ့ကြောင်း ၎င်းက အသိပေးသည်။

တိုက်ပွဲပြီးနောက် နယ်မြေရှင်းလင်းချိန်တွင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း MLAက ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ လက်နက်မျိုးစုံ ၃၀ ခန့်နှင့် ကျည်၊ခဲယမ်းများစွာ သိမ်းဆည်းနိုင်ခဲ့သည်ကိုတွေ့ရသည်။

“စကစဘက်က စစ်ကြောင်းထိုးလာလိုက် ဆုတ်သွားလိုက်နဲ့ပဲ ဖြစ်နေဆဲပါရှင့်” ဟု မွန်တပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းက တော်လှန်ရေးရဲဘော်များဖြင့် အနီးကပ်တွေ့ပါက ပြန်ဆုတ်သွားသည့် အခြေအနေဟု ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျုံဒိုးမြို့သို့ စစ်ကြောင်းထိုးနေသည့်အတွက် အနီးတဝိုက်ကျေးရွာများရှိ ဒေသခံပြည်သူများအနေနှင့် ဂရုတစိုက်သွားလာ၍ လက်နက်ကြီး၊ လေယာဉ်များ၏ အသံနားစွန့်နေထိုင်ကြရန်လည်း MLAက တိုက်တွန်းထားသည်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)နှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်ဆန့်ကျင်ရေး)-NMSP(AD)တို့သည် မေလ ၂၄ရက်တွင် ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA အဖြစ် ဖွဲ့စည်းထားကာ အခြား မွန်တော်လှန်ရေးအဖွဲ့များအပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် ဒေသတွင်း တော်လှန်ရေးတပ်များဖြင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့ ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၈) မှာ ဆက်လက်ပြုလုပ်ကြပါတယ်။

သတင်း

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။