Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ကတိုက်ပွဲမှာ စစ်တပ်တပ်ရင်းမှူးသေဆုံး၊ စစ်သုံ့ပန်းအချို့တော်လှန်ရေးတပ်တွေဖမ်းမိ

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ကလေး-တမူးလမ်းပိုင်းမှာပါဝင်တဲ့ ဝိတုပ်ကျေးရွာတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်ကတပ်ရင်းမှူးအပါအဝင်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေကဖမ်းမိထားတယ်လို့စုံစမ်းသိရပါတယ်။

(က​လေး-တမူးလမ်း​ပေါ်က ဝိတုတ်ရွာ၊ ရန်လင်းဖိုင်ရွာ နဲ့ အနီးဝန်းကျင်ကို ​Google Earth ​မြေပုံမှာ​တွေ့ရစဥ်)

ဇွန်-၂၆၊၂၀၂၆။စိုင်းနောင်/People’s spring

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ကလေး-တမူးလမ်းပိုင်းမှာပါဝင်တဲ့ ဝိတုပ်ကျေးရွာတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်ကတပ်ရင်းမှူးအပါအဝင်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေကဖမ်းမိထားတယ်လို့စုံစမ်းသိရပါတယ်။

တမူးမြို့နယ်ထဲကဝိတုပ်ကျေးရွာမှာ ဇွန်လ ၁၅ ရက်ကတည်းကတိုက်ပွဲဖြစ်ခဲ့ပြီး ဇွန်လ၂၃ရက်နေ့မှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

“ဝိတုတ်တိုက်ပွဲမှာစစ်တပ်ဘက်ကတပ်ရင်းမှူးအပါ အများအပြားသေတယ်။ဒဏ်ရာရလည်းများနေတယ်။လေကြောင်းကို တော်တော်သုံးပြီးဗုံးကြဲနေတယ်”လို့ တော်လှန်ရေးရဲဘော်သတင်းရင်းမြစ်ကဇွန်လ၂၆ရက်မနက်ပိုင်းမှာပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒုဗိုလ်မှူးကြီးအဆင့်ရှိတဲ့ တပ်ရင်းမှူးသေဆုံးကြောင်းအတည်ပြုနိုင်ပေမယ့် အချက်အလက်အ​သေးစိပ်ကိုမသိရ​သေးပါဘူး ။

ဝိတုပ်ရွာကိုရောက်ရှိလာတဲ့စစ်တပ်စစ်ကြောင်းတွေဟာ ရန်လင်းပိုင်ရွာကနေထွက်လာတာဖြစ်ပြီး တိုက်ပွဲမဖြစ်ခင်မှာ တော်လှန်ရေးတပ်တွေကိုလက်နက်ချဖို့ တောင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်မှာတော့ စစ်တပ်ဘက်ကသေဆုံးသူတွေများပြားပြီး လေကြောင်းနေပါ ဗုံးလာကြဲတဲ့အထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်အချို့ကပြောပါတယ်။

ဇွန်လ၁၈ရက် ကနေ ဇွန်လ ၂၆ရက် မနက်အထိ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးအလုံးရေ ၃ဝ ထက်မနည်းကြဲခဲ့တယ်လို့ ​ဒေသခံအချို့ကပြောပါတယ်။

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို မိုးရာသီမတိုင်ခင် နယ်မြေစိုးမိုးမူပြန်ယူမယ်လို့ ဇွန်လဆန်းက အိန္ဒိယခရီးစဥ်မှာအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ကလေး-ခါမ်းပတ်- တမူးလမ်းအတိုင်း စစ်

တပ်စစ်ကြောင်းတွေဝင်လာပြီး ခါမ်းပတ်မြို့ကိုဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမကြီးမှာ ပါဝင်ပါတယ်။

စစ်တပ်စစ်​ကြောင်းတွေက ခါမ်းပတ်မြို့ကို ကလေး နဲ့ တမူးမြို့ဘက်ကအပြင် မော်လိုက်မြို့ကနေပါ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်လာတာလို့ ဇွန်လ ၈ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ ခါမ်းပတ်မြို့ထဲမှာစစ်တပ်စစ်ကြောင်းတွေရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေဆက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။

စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ အိန္ဒိယအစိုးရကိုတော်လှန်နေတယ်ဆိုတဲ့ ကသည်းတပ်‌ နဲ့ နာဂလက်နက်ကိုင်တပ်တွေလည်းပါဝင်တယ်လို့ တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

လက်ရှိမှာ ကလေး -ခါမ်းပတ်-တမူးကားလမ်းမဘေးရွာတွေဖြစ်တဲ့ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတော့ရေရှင်၊ နန်ကတိတ်၊နန်မွန်းတားနဲ့ ခွန်မွန်းနွမ်ရွာအပြင် ကျေးရွာ ၁၀ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ​တော်လှန်​ရေးတပ်ဖွဲ့တွေက သီးခြားသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။စစ်တပ်ကတော့ အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ် နယ်မြေစိုးမိုးရေးလုပ်ဆောင်နေပြီး PDF စခန်း​တွေသိမ်းနနုင်တယ်ဆိုပြီးမကြာခဏသတင်းထုတ်ပြန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။