Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်အ​​ရှေ့ပိုင်းကိုစစ်တပ်ဗုံးကြဲစစ်ရှောင် ၁ ဦး နှင့် ​တော်လှန်​ရေးရဲ​ဘော် ၁ ဦး​သေဆုံး

မကွေးတိုင်း၊ပေါက်မြို့နယ်အ​ရှေ့ပိုင်းကိုစစ်ကောင်စီကလေ ကြောင်းမှ ဗုံးကြဲရာ စစ်ရှောင်တစ်ဦး နှင့် ရဲဘော်တစ်ဦး သေဆုံးခဲ့ပြီး၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။

စစ်တပ် စစ်​ကြောင်း​ အန္တရာယ်​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောပြည်သူများ

ဇွန်-၂၅၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ်အ​ရှေ့ပိုင်းကိုစစ်ကောင်စီကလေ ကြောင်းမှ ဗုံးကြဲရာ စစ်ရှောင်တစ်ဦး နှင့် ရဲဘော်တစ်ဦး သေဆုံးခဲ့ပြီး၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။

ဇွန် ၂၅ ရက် ၊နံနက် ၆ နာရီငါးမိနစ်ကစ၍ တံတားဦးလေဆိပ်မှတက်လာသည့် Y 12 လေယာဥ်ဖြင့် မိနစ် ၃၀ ကျော်ကြာဗုံးများကြဲခဲ့သည်ဟု ဒေသခံစစ်​ရေးသတင်းအရင်းအမြစ်အချို့က​ပြောသည်။

၁၁ ကြိမ် ဗုံးကြဲရာတွင် ဗုံးအလုံးရေ ၃၄ လုံးအသုံး ပြုခဲ့ကြောင်းလည်း ပေါက်မြို့နယ်စစ်ရေး သတင်းရင်းမြစ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ပေါက်မြို့အရှေ့ဘက်က ပျဥ်ချောင်းအုပ်စုလှည်းဝိုင်ရွာက စစ်ရှောင်သားအဖနှစ်ဦးထိမှန် ။အဖေ ဖြစ်သူသေဆုံး။တိုက်ခိုက်ရေးရဲဘော်ငါးဦးထိတယ်။ရဲဘော်တစ်ဦးသေဆုံးသွားတယ်။နေအိမ်တစ်လုံးပေါ်ကျတဲ့ဗုံးကြောင့်မိသားစုလည်း ထိခိုက်ထားတယ်။ထိခိုက်မှုများပါတယ်”ဟု ၎င်းက ပြောသည်။

ဇွန် ၂၃ ရက်နံနက်ပိုင်းကလည်း ပေါက်မြို့နယ်တောင်ပိုင်းကျေးရွာများကိုစစ်ကောင်စီက လေ ကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ရာ ၅ ဦး သေဆုံးပြီး ကလေးငယ်နှင့်ပြည်သူ ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့သည်။

ပခုက္ကူမြို့နယ် နှင့် ကမ္မမြို့ မှတက်လာသည့် အင်အား ၅၀၀ ဝန်းကျင်နှင့် ယာဥ်အစီးရေ ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်တပ်စစ်ကြောင်း ရွေ့လျားနိုင်ရန် လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိ ပေးသည်။

“ဒီနေ့ မနက်ဗုံးကြဲသွားတဲ့နေရာတွေနဲ့ လက်ရှိ စစ်ကောင်စီစစ်ကြောင်းရောက်နေတဲ့နေရာနဲ့က သုံး မိုင်လောက်ပဲဝေးတယ်”ဟုအညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူကလူထုနွေဦးသို့ပြောသည်။

လက်ရှိ စစ်တပ်စစ်ကြောင်းသည် မန်းကျည်းသုံးပင်ကျေးရွာသို့ရောက်ရှိနေကာ ထိုမှတဆင့် သာကြီးတောင်၊ တပ်မတောင် ကိုကျော်ဖြတ်ပြီးပေါက်မြို့နယ် ရေပြာသို့ ဝင်ကာ ရေပြာမှတဆင့် ပေါက်ကပစ(၂၄)ထိသွားနိုင်ကြောင်းတော်လှန်ရေးတပ်ဖွဲ့များက ခန့်မှန်းသည်။

စစ်တပ်စစ်ကြောင်းသွားရာ လမ်းကြောင်းရှိ ကျေးရွာများအားလုံးသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်မှာ ရက်ပေါင်း၂၀ ကျော်ကြာမြင့်လာပြီဖြစ်ပြီးအရေးပေါ်ရိက္ခာများကူညီပေးရန်လည်း မေတ္တာရပ်ခံထားသည်။

ကားဖြင့် သုံးနာရီဝန်းကျင်ခရီးသာရှိသည့်ပခုက္ကူ-ပေါက် လမ်းပိုင်းကို ဇွန်လ ၁ ရက်နေ့ကတည်း က ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ရက်ပေါင်း ၂၅ ရက်ကြာသည်အထိ ​ပေါက်သို့မ​ရောက်​သေး​ပေ။

ဒေသတွင်းတပ်ပေါင်းစုက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တိုက်ပွဲများလည်း မကြာခဏ ဖြစ်နေကာ နှစ်ဖက်ထိခိုက်မှုရှိသည်။

ယခုစစ်ကြောင်းသည် ပေါက်မြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံကို အားဖြည့်ခြင်းအပြင် သီးခြားစစ်ရေးရည်မှန်းချက်များရှိနေကြောင်း သုံးသပ်မှုအချို့ရှိသည်။

အာရက္ခတပ်တော် AA နှင့် ဒေသတွင်းတပ်ပေါင်းစုများ၏ စစ်ရေးအရှိန်ကို ကြိုတင်ကာကွယ်ရန်အတွက်ကပစ-၂၄ ကို အားဖြည့်ရန်ကြိုစားခြင်းဖြစ်နိုင်​ကြောင်းသုံးသပ်မှုများလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေဘေးသင့်ဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို တော်လှန်ရေးရဲဘော်တွေက လှေနဲ့ကယ်ထုတ်ပြီး ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။