Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီ-မောတောင်လမ်းစစ်ကောင်စီလေကြောင်းပစ်ကူပေးစစ်​ကြောင်းထိုးလာ၍တိုက်ပွဲပြင်းထန်

စစ်​ကောင်စီလေ​ကြောင်းမှဗုံးကြဲရာ စစ်သားများရှိရာသို့ကျရောက်ခဲ့ဟုKNU တပ်မဟာ(၄)​ပြော

စစ်​ကောင်စီကို ခုံခံတိုက်ခိုက်​နေ​သော ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNLAတပ်မဟာ(၄)

ဇွန်-၂၈၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်တပ်မဟာ(၄)နယ်မြေတနင်္သာရီ-မောတောင်လမ်းပိုင်းကိုစစ်ကောင်စီက လေကြောင်း ပစ်ကူပေးပြီးမြေပြင်မှ စစ်​ကြောင်းထိုးလာ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်လျက်ရှိကြောင်းကရင်သတင်းရင်းမြစ်တဦးက ပြောသည်။

ဇွန်လ၂၈ရက်၊မနက်ပိုင်းကတနင်္သာရီမြိုနယ်၊သိန်ခွန်းကျေးရွာအနီးတစ်ဝိုက်‌တွင်မောတောင်တကြောပြန်လည်ထိန်းချုပ်နိုင်ရေးစစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲများနှင့် KNLA တပ်ရင်း(၁၁) လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲများအကြားတိုက်ပွဲဖြစ်နေကြောင်းKNU မြိတ်-ထားဝယ်ခရိုင်က အသိပေးထားသည်။

“ခုလက်ရှိအခြေအနေကတိုက်ပွဲဆက်ဖြစ်​နေတယ်။ စစ်ကောင်စီက တောက်လျှောက်လေယာဉ်နဲ့ ဂျက်ဖိုက်တာနဲ့လာကြဲတာပေါ့။ မြေပြင်သတင်းအရတော့ လေယာဉ်ဗုံးလာကြဲတာက ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင်ထဲကမကျဘဲနဲ့ သူတို့ အချင်းချင်း တပ်ဖွဲ့ဝင်ထဲ ပြန်ကျတာ ။ ပြန်ကျတာသိရတယ် ဒါပေမဲ့ သူတို့ဘက် ထိခိုက်ဒဏ်ရာ ဘယ်လောက်ရှိလဲ အသေအချာ မသိရဘူး” ဟု KNU မြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး အတွင်းရေးမှူး စောအယ်ထီးကော်က ဇွန် ၂၈ ရက်နေ့လည်ပိုင်း၌ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ကလေတပ်မှ တိုက်ပွဲဖြစ်ပွားရွာနေရာအနီးတစ်ဝိုက်သို့ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်လျက်ရှိရာ မနက် (၁၀) နာရီတွင် ဗုံး အကြီး (၂) လုံး နှင့် ဗုံးအငယ် (၁၀) လုံး ထက်မနည်း လာရောက်ကြဲချခဲ့ဟု KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ထိုသို့ ကြဲချခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေထိုင်ရာ နေရာကိုသာ ထိမှန်ခဲ့ဟုလည်း ဖော်ပြထားသည်။

စစ်တပ်ကလေယာဉ်ပစ်ကူပေး စစ်ကြောင်းထိုးလာသော်လည်း ထိရောက်မှုမရှိဟုလည်း စောအယ်ထီးကော်က ပြောသည်။

“သူတို့ဒီစစ်ကြောင်းကပြီးခဲ့တဲ့ ၆လနီးပါးကတည်းက မောတောင်ဒေသကို ရဖို့ ပြန်ထိန်းချုပ်ဖို့အတွက်ပြီးခဲ့တဲ့ ၆လကတည်းက စစ်ကြောင်းထိုးနေတာ။ ဒါပေမဲ့ သူတို့ ထိုးဖောက်နိုင်တဲ့ အခြေအနေတခုတော့ မရဘူးပေါ့။နောက်တချက်က လေယာဉ် အသုံးပြုနေလည်း လေယာဉ် ဗုံးလာကြဲတာလည်း ထိရောက်မှုအားနည်းတာပေါ့။ ကျနော်တို့ KNLA ဦးဆောင်မှုအောက်ရှိတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကတော့ ဆက်လက်ပြီး ခုခံတဲ့အနေနဲ့ဆက်ရှိနေမယ်ပေါ့နော်” ဟု စောအယ်ထီးကော်က ပြောသည်။

စစ်ကောင်စီသည် တနင်္သာရီ – မောတောင်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ရေး ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက လေကြောင်းပစ်ကူအကြိမ်ကြိမ်ပေး ၍ စစ်​ကြောင်းထိုးနေသော်လည်း ​တော်လှန်​ရေးတပ်များ၏ တိုက်ခိုက်မှု​ကြောင့်လက်ရှိတိုက်ပွဲဖြစ်ပွားရာ သိန်ခွန်းကျေးရွာအနီးတ၀ိုက်မှ ရှေ့ဆက်မတိုးနိုင်ဘဲဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။