Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ်ကို စစ်တပ်လေကြောင်းတိုက်၊ ပြည်သူ ၁ဦး သေဆုံးကာ ၆ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသား ၁ဦးသေဆုံးပြီး ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်-၂၈၊ ၂၀၂၅။ မေ/People Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသား ၁ဦးသေဆုံးပြီး ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက် ၁၁နာရီ ၂၀ မိနစ်အချိန်မှာ ငါန်းဇွန်မြို့နယ် ယိုး‌ဒယားရွာသစ်ရွာ ရေဆိပ်အနီးကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခံရမှုမှာ နေအိမ် ၅လုံးပျက်စီးပြီး အသက် ၆၉နှစ်အရွယ် ဦးပြား သေဆုံးခဲ့ပြီး ဦးဘိုးညို(၃၇)နှစ်၊ ကိုရဲနောင်မိုး (၃၈)နှစ်၊ ဦးကျော်လွင်(၃၆)နှစ်၊ မတင်မိုး(၄၅)နှစ်၊ ဒေါ်ခင်ဌေးဦး (၃၉)နှစ်၊ဒေါ်မူယာဌေး(၄၃)နှစ်တို့ ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲလည်းမရှိဘူးဗျ။ သပ်သပ်ကိုလာပစ်သွားတာ။ ဗုံး ၃လုံး ကြဲချသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေပြီး မနေ့ကလည်း တောင်သာမြို့နယ်ထဲက ငွေသောင်ကျေးရွာကို စက်တပ် လေထီး(Paramotor)သုံးစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျေ ာ်အဘွားအို ၁ဦးကိုသတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးချကာ ကျေးရွာတွေကို စီးနင်းတာကြောင့် ပြည်သူ ၆ဦး သေဆုံးခဲ့ပြီး စစ်တပ် စစ်ကြောင်းက ဒီနေ့အထိ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ ခရစ်ယာန် ဘုရားကျောင်းများ ကောင်စီ (WCC)က အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် နယ်မြေရှိ စစ်သင်တန်းကျောင်းနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။