Connect with us

Hi, what are you looking for?

သတင်း

ပါရာမော်တာဖြင့် ဗုံးကြဲ ၍ ဆားလင်းကြီးမှ အရပ်သားလေးဦးသေဆုံး

စစ်ရေယာဉ်များ ဆားလင်ကြီးနယ်ထဲ ရောက်နေ

ဇွန်-၂၈၊၂၀၂၅။​ဇေ​အောင်၊ဇော်ရမ်း/People’s Spring

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ပါရာမော်တာနှစ်စီးက ဆားလင်းကြီးမြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားလေးဦးသေဆုံးသွားသည်။

“သတင်းကြားကြားချင်း ကယ်ဆယ်ရေးလုပ်ဖို့ပြေးသွားတော့ အားလုံးအသက်မဲ့နေပါပြီ။ တော်တော်ကိုရက်ရက်စက်စက်လုပ်တာပါ”ဟု ဆားလင်းကြီးမြို့ခံတစ်ဦးကပြောသည်။

နမခမှ တက်လာသည့် ပါရာမော်တာနှစ်စီးကဆားလင်းကြီးမြို့နယ်မှ သရက်ကိုင်းကျေးရွာအတွင်းသို့ဇွန်လ ၂၈ရက် နံနက် ၉နာရီခန့်တွင်ဗုံးကြဲချသောကြောင့် ​ကျေးရွာမှ အမျိုးသား ၄ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းအညာပစ်တိုင်းထောင်လေးများအဖွဲ့ နှင့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီတို့ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဇွန်လ (၂၈)ရက်မနက်ပိုင်းက ဆင်ဖြူရှင်တံတားမှ စစ်သင်္ဘော (၃)စီး ၊ဖလပ်ယာဥ် ၈ စီးသည်ချင်းတွင်း မြစ်ကြောင်းအတိုင်းဆန်တက်လာသည်။ထိုသို့ဆန်တက်လာချိန် စစ်သင်္ဘောပေါ်မှ မြစ်ကမ်းဘေးဝဲ၊ယာက ကျေးရွာတွေကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နမခ မှတက်လာ​သော ပါရာမော်တာ၂စီးဖြင့် ဗုံးသီးများချခဲ့ခြင်းဖြစ်ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ပြောပါသည်။

“သင်္ဘောတွေသွားလို့ရအောင် ပါရာမိုတာနဲ့ချပြီး ကာဗာပေးတာ။ သေဆုံးတာက ၃၀ ကျော်၄၀နီးပါးက၃ယောက် ၊ ၂၅ဝန်းကျင်က တစ်ယောက်။သေဆုံးတဲ့သူတွေကို ကိစ္စပြီးဆုံး(နာရေးလုပ်ပြီး)တာ ဒီညနေက။”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ ကိုအောင်ခန့်ဇော်က ပြောသည်။

“ကျနော်တို့နယ်ကို နှစ်ရက်ဆက်ကြဲတာပါ။ မနေ့က ဘုတလင်နယ်ထဲ ကြဲတယ်။ လူမထိခဲ့ဘူး။ဒီ‌နေ့ ဆားလင်းကြီးနယ်ကို ကြဲတာပါ။ ဒီနေ့က အမျိုးသမီး သုံးယောက် အမျိုးသားတစ်ယောက်သေဆုံးပါတယ်” ဟု ဒေသခံတစ်ဦးကလည်းပြောသည်။

ထို့အပြင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့​သောကြောင့် လည်းထိခိုက်မှုများရှိနိုင်​သော်လည်း ယခုချိန်ထိ သတင်းမရသေးဟု ကို​အောင်ခန့်​ဇော်ကဆက် ပြောသည်။

ထို့အပြင် ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် ‌စစ်ကောင်စီရေယာဉ် ၁၁ စီးသည် မုံရွာမြို့သို့ရောက်ရှိလာပြီး ဆာလင်းကြီးမြို့နယ်အပါအဝင် အထက်ပိုင်းဒေသများကိုဆက်တက်နိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များကသတိပေးထားသည်။

ထိုစစ်သင်္ဘောများသည် လက်ရှိ မုံရွာ၊ အလုံမင်းဒေါင့်ဆိပ်ကမ်းတွင် ညအိပ်ရပ်နားထား​ကြောင်း သိရသည်။

စစ်ကောင်စီရေယာဉ် ၁၁ စီးတွင် စစ်သင်္ဘော ၃ စီး ၊ ဖလပ် ၉ စီးပါဝင်သည်။စစ်ကောင်စီသည် ချင်းတွင်းမြစ်အပြင် ဧရာဝတီမြစ်ကြောင်းမှလည်း စစ်ရေယာဉ်များ အထက်ပိုင်းသို့ ဆန်တက်နေပြီး ယနေ့တွင် မန္တလေးတိုင်း တံတားဦးမြို့နယ်အတွင်းရောက်ရှိနေကြောင်းသတင်းရရှိသည်။

(ချင်းတွင်းမြစ်အတွင်းမှစစ်သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-အောင်ခန့်ဇော်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ ၊အညာပစ်တိုင်း​ထောင်က​လေးများ )

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ