Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး တပ်မ(၃၃)ကစစ်သားအများအပြားသေဆုံး

တော်လှန်ရေးတပ် ဆုံးရှုံးနယ်မြေတွေပြန်ရ

​စစ်သုံ့ပန်းအချို့။ ဓါတ်ပုံ-CJ

ဇွန်၂၉၊၂၀၂၅၊ ရှိန်း/ People Spring

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီရဲ့တပ်မ (၃၃)က စစ်သား အများအပြား​သေဆုံးပြီး တော်လှန်ရေးတပ်တွေ ဆုံးရှုံးထားတဲ့နယ် မြေတွေ ပြန်ရခဲ့တယ်လို့ တော်လှန်ရေး တပ်တွေ ဆီက နေသိရပါတယ်။

ဇွန်လ ၅ ရက် နေ့ကစပြီး အင်အား‌‌ ၃၀၀ လောက်နဲ့ ထိုးလာတဲ့ စစ်ကြောင်းတွေဟာ ကင်းရွာ နဲ့ ချောင်းမကြီးရွာတို့ကိုမီးရှို့ပြီးကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ၄ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။

​တော်လှန်​ရေးတပ်​တွေက စစ်​တပ်စစ်​ကြောင်းမှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းအချို့။ ဓါတ်ပုံ-CJ

အဲဒီနောက်ချောင်းမကြီးရွာထဲကိုအထိုင်ချတပ်စွဲခဲ့တာပါ။ ​ဒေသခံ​တော်လှန်​ရေးတပ်​တွေက ခုခံတိုက်ခိုက်ခဲ့​ပေမယ့် လက်နက်နဲ့ခဲယမ်းမလုံလောက်မှုကြောင့် ကင်းရွာနဲ့ ချောင်းမကြီးရွာတွေက​နေ ဆုတ်ခွာပေးခဲ့ရတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

​တော်လှန်​ရေးတပ်​တွေကဇွန်လ၂၇ ရက်နေ့နံနက်ပိုင်းမှာ အင်အားပြန်စုစည်းပြီး ချောင်းမကြီးရွာကို အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို ဝင်တိုက်ခဲ့တာလို့သိရပါတယ်။

“တိုက်ပွဲကသိပ်မကြာဘူး။စစ်တပ်ဘက်က ၄ယောက်‌အရှင်မိတယ်။သေဆုံးလည်းများတယ်။အဲဒီနောက်စကစကမင်းကွန်းကို ဆုတ်သွားတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့တင်တဦး ကပြောပါတယ်။

ဇွန်လ၂၈ ရက် နေ့မှာ တိုက်ပွဲအပြင်းအထန်ဆက်ဖြစ်ခဲ့ပြီး စစ်တပ်အင်အားအကုန်ထိုင်ထားတဲ့ မင်းကွန်းရွာထဲအထိ​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်တာမှာ စစ်ကောင်စီတပ် စစ်ကြောင်း ပြုတ်လုနီးပါး ဖြစ်ခဲ့ပြီး လက်နက်၊ခဲယမ်းတွေအများအပြားသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်၃ဦး လည်း ကျဆုံးပြီး ကျည်ကာ အင်္ကျီနဲ့ ဦးထုပ်မပါတာ ကြောင့်ထိခိုက်မှုဖြစ်ခဲ့တာလို့သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ကလက်ကျန်စစ်​သားတွေဟာ မင်းကွန်းရွာထဲမှာပဲရှိ နေသေးတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေတယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူ​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

တပ်မ(၃၃)စစ်ကြောင်းက စစ်သားငါးဦး လက်နက်ခဲယမ်းယူပြီး အလင်းဝင်လာ