Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ကဗျာရွတ်လို့ မြင်းခြံထောင်က နိုင်ကျဉ်းတွေ တိုက်ပိတ်ခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ထောင်တွင်းမှာ ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ကြတဲ့ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ခြေချင်းခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ (ဇူလိုင် ၂ရက် ) မှာ ထုတ်ပြန်အသိပေးပါတယ်။

ဇူလိုင် – ၂ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ထောင်တွင်းမှာ ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ကြတဲ့ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ခြေချင်းခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ (ဇူလိုင် ၂ရက် ) မှာ ထုတ်ပြန်အသိပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ကဗျာရွတ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဇူလိုင်လ ၁၉ ရက်ကနေ ဒီနေ့ အထိ နှစ်ပတ်နီးပါး ကြာတဲ့အထိ တိုက်ပိတ်ထားတယ်လို့သိရပါတယ်။

တိုက်ပိတ်တယ်ဆိုတာကတော့ အလင်းရောင်နဲ့လေဝင်လေထွက် ကောင်းကောင်းမရတဲ့အခန်းကျဉ်းထဲမှာ ချုပ်နှောင်ထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ရိုက်နှက်တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေကိုတော့ PPNM က မဖော်ပြထားပါတယ်။

ရိုက်နှက်ခံရချိန် ရရှိတဲ့ ဒဏ်ရာတွေကို ဆေးကုပေးတာ ၊ ဆေးပေးတာ မရှိတဲ့အပြင် ထောင်ဝင်စာနဲ့ မိသားစုဆီက အစားအသောက် ပါဆယ်ပေးပို့ခွင့်ကို ပိတ်ပင်ထားတယ်လို့ PPNM ကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးသူတွေ ၊ မွေးနေ့အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးအွန်လိုင်း လှုပ်ရှားမှုတွေကို ပါဝင်သူတွေကို စစ်ကောင်စီက ဖမ်းဆီး ထောင်ချလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက် က မွေးနေ့ မှာဆိုရင်လည်း ဆုတောင်းပေးတဲ့ နေပြည်တော်က ပြန်ကြားရေးဝန်ထမ်းအမျိုးသမီးနဲ့ အခြား အရပ်သား အမျိုးသမီး တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေကလည်း ဖမ်းဆီးအရေးယူဖို့ လှုံ့ဆော်တာတွေပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

Facebook