Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်တပ်က စစ်ရှောင်အမျိုးသားများ ၅၀ ဦးထက်မနည်းကိုဖမ်းဆီးထား

ဖားကန့်တွင်ကျေးရွာအချို့၌ တိုက်ပွဲများငြိမ်သက်နေ၍ ​နေရပ်ပြန်သော စစ်ဘေးရှောင်များကို စစ်​ကောင်စီက ဖမ်းဆီးပြီးအမျိုးသမီးနှင့် ကလေးများအားပြန်လွှတ်‌​​သော်လည်း အမျိုးသားများအားပြန်မလွှတ်ဘဲ ဖမ်းဆီးထား​ကြောင်း​ဒေသခံအချို့က​​ပြောသည်။

ဖားကန့်တွင် ဇူလိုင် ၄ ရက်​ည၌ စစ်တပ်စစ်​ကြောင်းထိုးလာ၍ ထွက်​ပြေး​နေကြ​သော​ဒေသခံပြည်သူများ။ဓါတ်ပုံ-CJ

ဇူလိုင်-၆၊၂၀၂၃။ဇော်ရမ်း/People’s Spring

ဖားကန့်တွင်ကျေးရွာအချို့၌ တိုက်ပွဲများငြိမ်သက်နေ၍ ​နေရပ်ပြန်သော စစ်ဘေးရှောင်များကို စစ်​ကောင်စီက ဖမ်းဆီးပြီးအမျိုးသမီးနှင့် ကလေးများအားပြန်လွှတ်‌​​သော်လည်း အမျိုးသားများအားပြန်မလွှတ်ဘဲ ဖမ်းဆီးထား​ကြောင်း​ဒေသခံအချို့က​​ပြောသည်။

ဖားကန့်မြို့နယ်၊ဆွတ်ငိုင်ယန်၊အမှိုက်ပုံ၊ မော်ဝမ်းလေးရွာတို့၌ ပြီးခဲ့သည့်ရက်ကတိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသောဒေသခံလူငယ်၊ လူလတ်ပိုင်းအမျိုးသားများ ရွာပြန်စဥ်ဖမ်းဆီးခေါ်ဆောင်ခံထားရ​ကြောင်း ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်သံမကြားရတော့လို့ပြန်ကြတာ။ ကလေးနဲ့ အမျိုးသမီးတွေပဲပြန်လွှတ်လိုက်တယ်။ လူငယ်၊ လူလတ်ပိုင်းတွေ ခေါ်ထားတယ်။ မိသားစုဝင်တွေ တငိုငိုတရီရီဖြစ်နေကြတယ်” ဟု ဖားကန့် ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်ကဖမ်းခေါ်ထားသူဦးရေသည် ၅၀ဦးထက်မနည်းဘဲ တိုက်ပွဲအတွင်း လူသားဒိုင်းလုပ်ခြင်းနှင့် စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းမည်ကို ​ဒေသခံများ စိုးရိမ်နေကြသည်။

ဆွတ်ငိုင်ယန်၊အမှိုက်ပုံ၊ မော်ဝမ်းလေးရွာတို့ကို စစ်ကောင်စီကထိန်းချုပ်ထားပြီး နေအိမ်များအားဖျက်ဆီး၍ ဝင်ရောက်နေသည်ဟုသိရသည်။ စစ်တပ်စစ်ကြောင်းတွင် ဖားကန့်ဒေသနယ်မြေကျွမ်းကျင်သည့် ပြည်သူ့စစ်အဖွဲ့များပါလာပြီး ယမန်နှစ်ကတိုက်ပွဲအတွင်း စစ်တပ်ကလက်လွတ်ထားရသည့်လှမောင်းကုန်းကို ဦးတည်စစ်ကြောင်းထိုးနေသည်ဟု KPDF ရဲဘော်တစ်ဦးကပြောသည်။

“တိုက်ပွဲက ရက်ရှည်သွားနိုင်တယ်။ ဒေသခံပြည်သူတွေအနေနဲ့ကလုံခြုံရေးပိုင်းကိုတော်တော်လေး အာရုံစိုက်ထားသင့်ပါတယ်။ စစ်ကြောင်းက မနိုင်နိုင်ရာမဲမှာပါ”ဟု KPDF ရဲဘော်ကပြောသည်။

စစ်တပ်စစ်​ကြောင်းသည် ၂၀၂၄ခုနှစ်က ဆိုင်းတောင်ရွာတိုက်ပွဲ၊ ယခုနှစ် မေလက လုံးခင်းကျေးရွာအုပ်စု၌ဖြစ်ပွားသောတိုက်ပွဲများတွင် အရပ်သားပြည်သူများအားဖမ်းဆီး၍ လူသားဒိုင်းလုပ်ခဲ့ပြီး သတ်ဖြတ်မှုများလည်းကျူးလွန်ခဲ့သည်။

လက်ရှိဖြစ်ပွားနေသောတိုက်ပွဲတွင်လည်း အရပ်သားသေဆုံးမှုများရှိနေပြီး ဇူလိုင် ၅ ရက်နေ့က အေးမြသာယာရပ်ကွက်အတွင်းတိုက်ပွဲ၌ အရပ်သား ၄ ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

“တစ်ယောက်ကို KPDF ထောက်ပို့ဆိုပြီးပစ်သတ်သွားတာ။ဒေသခံတွေ စစ်ရေးသတင်းကိုအမြဲလေ့လာနေဖို့လိုတယ်”ဟုဖားကန့်မြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယ‌နေ့ (ဇူလိုင် ၁၂ရက်) ညပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကျည်ကျ၍ နေအိမ်အချို့မီးလောင်ကာ တိုက်ပွဲအတွင်း ပိတ်မိသူ အမျိုးသားနှစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

သတင်း

ယခုနှစ်ခြောက်လအတွင်း စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူ ၂,၉၀၀ ခန့်ရှိကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မ တော်(KIA)၊ကချင်ဒေသကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယ‌နေ့ (ဇူလိုင် ၁၁ရက်)ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ခွန်စိုင်ယန်ကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယမန်နေ့(ဇူလိုင် ၁၀ရက်)တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု ကချစ်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။