Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်တပ်က စစ်ရှောင်အမျိုးသားများ ၅၀ ဦးထက်မနည်းကိုဖမ်းဆီးထား

ဖားကန့်တွင်ကျေးရွာအချို့၌ တိုက်ပွဲများငြိမ်သက်နေ၍ ​နေရပ်ပြန်သော စစ်ဘေးရှောင်များကို စစ်​ကောင်စီက ဖမ်းဆီးပြီးအမျိုးသမီးနှင့် ကလေးများအားပြန်လွှတ်‌​​သော်လည်း အမျိုးသားများအားပြန်မလွှတ်ဘဲ ဖမ်းဆီးထား​ကြောင်း​ဒေသခံအချို့က​​ပြောသည်။

ဖားကန့်တွင် ဇူလိုင် ၄ ရက်​ည၌ စစ်တပ်စစ်​ကြောင်းထိုးလာ၍ ထွက်​ပြေး​နေကြ​သော​ဒေသခံပြည်သူများ။ဓါတ်ပုံ-CJ

ဇူလိုင်-၆၊၂၀၂၃။ဇော်ရမ်း/People’s Spring

ဖားကန့်တွင်ကျေးရွာအချို့၌ တိုက်ပွဲများငြိမ်သက်နေ၍ ​နေရပ်ပြန်သော စစ်ဘေးရှောင်များကို စစ်​ကောင်စီက ဖမ်းဆီးပြီးအမျိုးသမီးနှင့် ကလေးများအားပြန်လွှတ်‌​​သော်လည်း အမျိုးသားများအားပြန်မလွှတ်ဘဲ ဖမ်းဆီးထား​ကြောင်း​ဒေသခံအချို့က​​ပြောသည်။

ဖားကန့်မြို့နယ်၊ဆွတ်ငိုင်ယန်၊အမှိုက်ပုံ၊ မော်ဝမ်းလေးရွာတို့၌ ပြီးခဲ့သည့်ရက်ကတိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသောဒေသခံလူငယ်၊ လူလတ်ပိုင်းအမျိုးသားများ ရွာပြန်စဥ်ဖမ်းဆီးခေါ်ဆောင်ခံထားရ​ကြောင်း ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်သံမကြားရတော့လို့ပြန်ကြတာ။ ကလေးနဲ့ အမျိုးသမီးတွေပဲပြန်လွှတ်လိုက်တယ်။ လူငယ်၊ လူလတ်ပိုင်းတွေ ခေါ်ထားတယ်။ မိသားစုဝင်တွေ တငိုငိုတရီရီဖြစ်နေကြတယ်” ဟု ဖားကန့် ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်ကဖမ်းခေါ်ထားသူဦးရေသည် ၅၀ဦးထက်မနည်းဘဲ တိုက်ပွဲအတွင်း လူသားဒိုင်းလုပ်ခြင်းနှင့် စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းမည်ကို ​ဒေသခံများ စိုးရိမ်နေကြသည်။

ဆွတ်ငိုင်ယန်၊အမှိုက်ပုံ၊ မော်ဝမ်းလေးရွာတို့ကို စစ်ကောင်စီကထိန်းချုပ်ထားပြီး နေအိမ်များအားဖျက်ဆီး၍ ဝင်ရောက်နေသည်ဟုသိရသည်။ စစ်တပ်စစ်ကြောင်းတွင် ဖားကန့်ဒေသနယ်မြေကျွမ်းကျင်သည့် ပြည်သူ့စစ်အဖွဲ့များပါလာပြီး ယမန်နှစ်ကတိုက်ပွဲအတွင်း စစ်တပ်ကလက်လွတ်ထားရသည့်လှမောင်းကုန်းကို ဦးတည်စစ်ကြောင်းထိုးနေသည်ဟု KPDF ရဲဘော်တစ်ဦးကပြောသည်။

“တိုက်ပွဲက ရက်ရှည်သွားနိုင်တယ်။ ဒေသခံပြည်သူတွေအနေနဲ့ကလုံခြုံရေးပိုင်းကိုတော်တော်လေး အာရုံစိုက်ထားသင့်ပါတယ်။ စစ်ကြောင်းက မနိုင်နိုင်ရာမဲမှာပါ”ဟု KPDF ရဲဘော်ကပြောသည်။

စစ်တပ်စစ်​ကြောင်းသည် ၂၀၂၄ခုနှစ်က ဆိုင်းတောင်ရွာတိုက်ပွဲ၊ ယခုနှစ် မေလက လုံးခင်းကျေးရွာအုပ်စု၌ဖြစ်ပွားသောတိုက်ပွဲများတွင် အရပ်သားပြည်သူများအားဖမ်းဆီး၍ လူသားဒိုင်းလုပ်ခဲ့ပြီး သတ်ဖြတ်မှုများလည်းကျူးလွန်ခဲ့သည်။

လက်ရှိဖြစ်ပွားနေသောတိုက်ပွဲတွင်လည်း အရပ်သားသေဆုံးမှုများရှိနေပြီး ဇူလိုင် ၅ ရက်နေ့က အေးမြသာယာရပ်ကွက်အတွင်းတိုက်ပွဲ၌ အရပ်သား ၄ ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

“တစ်ယောက်ကို KPDF ထောက်ပို့ဆိုပြီးပစ်သတ်သွားတာ။ဒေသခံတွေ စစ်ရေးသတင်းကိုအမြဲလေ့လာနေဖို့လိုတယ်”ဟုဖားကန့်မြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။