Connect with us

Hi, what are you looking for?

သတင်း

မွှာလ်ပီးရွာ စစ်စခန်းသိမ်းတိုက်ပွဲစစ်တပ်ထံမှ လက်နက် ၃၀ ကျော်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ

စစ်သုံ့ပန်းများလည်းဖမ်းဆီးရရှိပြီး ၊ ဇူလိုင် ၅ ရက်တိုက်ပွဲ၌ CNA ရဲဘော် ၄ဦး ကျဆုံး

စစ်တပ် စစ်​ကြောင်းထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-Chinland News

ဇူလိုင်-၆၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ် မြောက်ပိုင်းသို့ ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်း တပ်စွဲထားသည့် တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က ဇူလိုင် ၅ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက်မျိုးစုံ အလက် ၃၀ကျော် သိမ်းပိုက်ရရှိခဲ့သည်။

အဆိုပါ စစ်တပ်စစ်​ကြောင်းသည် မေလ ၁၈ရက်ကတည်းစစ်ကိုင်းတိုင်းကလေးမြို့မှတဆင့် ချင်းမြောက်ပိုင်း ဖလမ်း၊ တီးတိန်ဘက်သို့ ဦးတည်ထိုးစစ်ဆင်လာရာ ချင်း​တော်လှန်​ရေးတပ်များ၏တိုက်ခိုက်မှု​ကြောင့် ကလေး-သိုင်းငင်းကြား မွှာလ်ပီးရွာမှရှေ့မတိုင်းနိုင်ဘဲ အဆိုပါရွာ၌ ယာယီတပ်စွဲထားခြင်းဖြစ်သည်။

ဇွန်လကုန်ပိုင်းက မွှာလ်ပီးရွာအနီး စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို ချင်းပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင် ၅ရက်တွင် မွှာလ်ပီးရွာကို အပြီးသတ်သိမ်းပိုင်နိုင်ခဲ့သည်ဟုချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“စကစက ပြန်ဆုတ်သွားပြီ ထွက်ပြေးသွားပြီဆိုတော့ အခုကလေးမြို့ဘက်ရောက်တော့မယ်ထင်ပါတယ်။အဲဒါကြောင့်အခြေအနေ ကောင်းပါတယ် ။သူတို့ စစ်ကောင်စီတွေက စစ်ကြောင်း ပြန်လည်ထိုးစစ်ဆင်ဖို့က မလုပ်သေးဘူးပေါ့” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၅ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု၊ အရှင်ဖမ်းမိမှုများ ရှိပြီးချင်းအမျိုးသားတပ်မတော်(CNA)မှ ရဲဘော် ၄ဦးကျဆုံးခဲ့သည်လည်း၎င်းက ပြောသည်။စစ်ကောင်စီတပ်ဘက်မှသေဆုံးထိခိုက် အရေအတွက် ကိုမူမသိရ​သေး​ပေ။

စခန်းသိမ်းတိုက်ပွဲမှရရှိခဲ့သည့်လက်နက်ခဲယမ်းများ မှတ်တမ်းဓာတ်ပုံပါအရ လက်နက်ငယ် အလက် ၃၀ ခန့်နှင့်လက်နက်ကြီး အချို့ သိမ်းဆည်းနိုင်ခဲ့သည်ကိုတွေ့ရသည်။ ထိုအပြင် ခဲယမ်း၊ ကျည်၊မိုင်း အများအပြားနှင့်စစ်သုံးပစ္စည်းများစွာကိုလည်း ချင်းတော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။

အဆိုပါစစ်ကြောင်းသည်ဖလမ်းမြို့ကိုပြန်လည်သိမ်းပိုက်ရန်ဦးတည်လာခြင်းဖြစ်ကြောင်း စစ်သုံ့ပန်းက ပြောကြားသည်ဟုရှေ့တန်းမြေပြင်မှ တော်လှန်ရေးရဲဘော်၏ ပြောကြားချင်းကို ချင်းသတင်းရင်းမြစ်က​ပြောသည်။ စစ်သုံ့ပမ်း၏ ထွက်ဆိုချက်အရ ချင်းမြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွင် တပ်ရင်း ၆ခု နှင့် စစ်ကူ စုစုပေါင်း အင်အား ၈၀၀ ခန့်ရှိနိုင်သည်ဟုသိရသည်။

ချင်းမြောက်ပိုင်းသို့ ထိုးစစ်ဆင်လာသည့် စစ်​ကြောင်းတွင် ခမရ(၃၉၁)၊ ခမရ(၅၉)၊ ခမရ(၈)၊ ခမရ(၇)၊ ထပရ-၉၃၄၊ တပ်မ(၃၃) တပ်ရင်းများ မှဖြစ်သည်ဟု စစ်သုံ့ပမ်းက ထွက်ဆိုကြောင်း ချင်းသတင်းရင်း​ပြောသည်။

စစ်ကောင်စီတပ်သည် ချင်းမြောက်ပိုင်းကိုသာမက ချင်းတောင်ပိုင်းမင်းတပ်ကို ဦးတည်ပြီးလည်း မကွေးတိုင်း ပခုက္ကူမှ မော်တော်ယာဉ် အစီး ၁၂၀ ကျော် စစ်အင်အား အများအပြားဖြင့် ထိုးစစ်ဆင်ရန်ကြိုးပမ်း​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။