Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် တိုက်ပွဲပြင်းထန်၊ (၅)မိုင်ရွာ စစ်တပ်ပြန်ရ

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၅)မိုင်ကျေးရွာကို စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိသွားကြောင်း အဆိုပါဒေသတွင်းရှိ တော်လှန်ရေးရဲဘော်များက ပြောသည်။

သပိတ်ကျင်းမြို့နယ် (၅)မိုင်ရွာရှိ ကာကင်းစခန်းတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

ဇွန် ၉၊၂၀၂၅။မိထက်/People’s Spring

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၅)မိုင်ကျေးရွာကို စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိသွားကြောင်း အဆိုပါဒေသတွင်းရှိ တော်လှန်ရေးရဲဘော်များက ပြောသည်။

ပြီးခဲ့သည့်ဇွန်လဆန်းကစပြီး သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာရှိ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းနှင့် တွင်းငယ်ကျေးရွာရှိ အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)တို့၌ စုဝေးနေသော စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးထွက်လာရာက တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဟု တော်လှန်ရေးရဲဘော်များက ပြောသည်။

သပိတ်ကျင်းမြို့နယ်ရှိ (၆)မိုင်နှင့် (၅)မိုင်ကျေးရွာများအား စစ်ကြောင်းထိုးရာ ဇွန်လ ၅ရက်တွင် (၅)မိုင်ရွာအား စစ်ကောင်စီတပ်က ရရှိသွားသည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” (၄)မိုင်နဲ့(၆)မိုင်တော့ တော်လှန်ရေးတပ်တွေ သိမ်းထားတုန်းပါ။ (၅)မိုင်ကတော့ စကစဆီပြန်ပါသွားတာ ဟုတ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဇွန်လဆန်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး အခြားအဆင့်များလည်း သေဆုံးသည့်သတင်းရကြောင်း အခြားတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ ထို့အပြင် ရဲဘော်အချို့လည်း ကျဆုံးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

“Y12တွေ၊ Mi 35တွေနဲ့ လူအင်းအားဖြည့်ပြီး ထိုးစစ်လုပ်လာတာ။ အဓိကက ဒရုန်းနဲ့ လေကြောင်း အားကိုးနဲ့ တိုးနေတာ”ဟု ရဲဘော်တစ်ဦးက ပြောသည်။

နောက်ဆုံးကျန်ရှိနေသောစစ်ကောင်စီတပ်ရင်းများကို စစ်ကောင်စီက လေကြောင်းမှအင်အားဖြည့်ပြီးနောက် ပြင်ပသို့ထွက်၍စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများပြင်းထန်နေကြောင်းသတင်းများရှိသည်။

အမှတ်(၁၃) တပ်မတော်တန်းမြှင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်းတို့မှ စစ်ကောင်စီစစ်ကြောင်းအချို့သည် ဇွန်လဆန်းမှစ၍ ထွက်လာပြီးနောက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

မန္တလေးမြို့နှင့် မိုင်(၈၀)ခန့်အကွာက ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးသည့် သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ သြဂုတ် ၂၅ရက်တွင်အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသည်။

သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်ကောင်စီတပ်သားများ ကင်းစင်ခဲ့ခြင်း မဟုတ်ပေ။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများသည် (၇)မိုင်က လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းနှင့် သပိတ်ကျင်းမြို့နှင့် (၂၆)ခန့်ကွာဝေးသည့် တွင်းငယ်ကျေးရွာတွင် အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)တို့၌ သွားရောက်စုဝေးသလို ၊စစ်တပ်က စစ်ကူပို့သည့် စစ်သား​များဖြင့်ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး စိုးမင်းသူနှင့် စစ်သုံ့ပန်းများ ဖမ်းမိခဲ့သည်။ လက်ရှိတွင် မန္တလေးတိုင်းအတွင်း သပိတ်ကျင်း၊ မတ္တရာမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။