Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ဝေါလေဗျူဟာ လက်နက်တိုက် FFDနှင့် KNLA ဒရုန်းတပ် ပူးပေါင်းတိုက်ခိုက် ဖောက်ခွဲခဲ့ဟုထုတ်ပြန်

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်ရှိ စစ်တပ်၏ဝေါလေဗျူဟာစခန်း၏ လက်နက်တိုက်ကို ဒရုန်းဖြင့် တိုက်ခိုက်ဖောက်ခွဲခဲ့ကြောင်း Force for Federal Democracy(FFD)က ယနေ့ ဇူလိုင် ၁၃ရက်တွင် ရုပ်သံမှတ်တမ်းထုတ်ပြန်သည်။

ဇူလိုင်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်ရှိ စစ်တပ်၏ဝေါလေဗျူဟာစခန်း၏ လက်နက်တိုက်ကို ဒရုန်းဖြင့် တိုက်ခိုက်ဖောက်ခွဲခဲ့ကြောင်း Force for Federal Democracy(FFD)က ယနေ့ ဇူလိုင် ၁၃ရက်တွင် ရုပ်သံမှတ်တမ်းထုတ်ပြန်သည်။

ဝေါလေဗျူဟာလက်နက်တိုက်ကို FFD ဒရုန်း တပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆)ဒရုန်း တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

https://www.facebook.com/LuduNwayOo/videos/1417457709524704

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှု ဖြစ်စဉ် အသေးစိတ် ဖော်ပြမထားသော်လည်း ရုပ်သံမှတ်တမ်းတွင်ကြီးမားသည့် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ တိုက်ခိုက်မှု အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန်FFD ဒုတာဝန်ခံ ကိုအောင်အောင်ထံသို့ဆက်သွယ်ထားဆဲဖြစ်သည်။

KNU ပူးပေါင်းတပ်က ၀ိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေသည့် ဝေါလေဗျူဟာတွင် ဇူလိုင် ၁၁ရက်က ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိုင်နိုင်ငံဘက်မှ အဆို​ပေါက်ကွဲမှုကို မှတ်တမ်းတင်ထား​သောရုပ်သံမှတ်တမ်းများစတင်ထွက်​ပေါ်ခဲ့သည်။

ယင်းပေါက်ကွဲမှုမှာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့၍ ဖြစ်သည်ဟု KNU သတင်းရင်းမြစ်ကဇူလိုင် ၁၂ရက်တွင် ပြောပြထားသည်။

“ကျနော်တိုဘက်က ချတာ။ဒီဘက်ကတော့ တဆင့်ခြင်းတဆင့်လေ။ ဝိုင်းပတ်ပိတ်ဆိုထားပြီးဒရုန်းနဲ့ပဲစစ်ဆင်တာပေါ့။ ဒရုန်းက အခုက အလေးချိန်က တော်တော်ကြီးတဲ့ အလေးချိန်ဆိုတော့ပေါက်ကွဲမှုကလည်း အားပြင်းတာပေါ့။ အဲဒီလိုမျိုး”ဟု KNU သတင်းရင်းမြစ်ကပြောထားသည်။

အဆိုပါပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အပြင် ဝေါလေဗျူဟာ၏ ကာကင်းစခန်းကြီးဖြစ်သော ဥကရစ်ထ တပ်စခန်းကို KNU/PDF ပူးပေါင်းတပ်ကဇူလိုင် ၁၂ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။ကျန်နေသည့် ဝေါလေဗျူဟာကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်က ယနေ့ ပြောပြသည်။

“ဘာဖြစ်လိုလည်းဆိုတော့ သူတိုစခန်းတွေကဘာမှမရှိတော့ဘူး။နောက်ပြီးတော့ဟိုတနေ့က သူများသူ့ကို ဒရုန်းသွားချတာသူတိုစခန်းတော်တော်ပျက်နေပြီ။ပျက်နေပြီဆိုတော့သူတိုလည်းတော်တော်ကြောက်လန့်နေပြီ”ဟုKNUသတင်းရင်းမြစ်ကပြောသည်။

KNU နှင့် PDF ပူးပေါင်းတပ်များသည် မြ၀တီမြို့နယ်အတွင်း မြန်မာ-ထိုင်းနယ်စပ်တလျောက်ရှိ စစ်ကောင်စီစခန်းများကို တခုပြီးတခု သိမ်းပိုက်လျက်ရှိရာ ပြီးခဲ့သည့် တလခွဲကျော်အတွင်း ဘလယ်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင်၊ ဘုရင့်နောင်၊ မော်ခီး၊သေ့ဘောဘိုး၊ ထိကပလယ်၊ ဥကရစ်ထ စခန်းများသိမ်းပိုက်ထားနိုင်ခဲ့ပြီး ဝေါလေနှင့်တိသဲလယ် စခန်းတို့သာ ကျန်တော့သည်။

ရုပ်သံ-FFD

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။