Connect with us

Hi, what are you looking for?

သတင်း

နတ်အိမ်တောင်နယ်စပ်စခန်းအင်အားဖြည့်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအောင်ကိုဟိန်း သေဆုံးဟု KNLA ပြော

နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၄ဦးထက်မနည်းသေ၊ လက်နက် ၂လက်ရဟု အသိပေး

နတ်အိမ်တောင်နယ်စပ်စခန်း အင်အားဖြည့်လာသည့်စစ်ကောင်စီတပ်ထံမှ သိမ်းရသော သေနတ်နှစ်လက်အား တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Mergui-Tavoy District

ဇူလိုင်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ နတ်အိမ်တောင်နယ်စပ်စခန်း အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အရာရှိအပါအဝင် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်အား ဇူလိုင် ၁၁ရက်နှင့် ၁၂ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ဇူလိုင် ၁၁ရက် နံနက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ဦးသေဆုံးကာ ဇူလိုင် ၁၂ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ယင်းနေ့ ညနေပိုင်းတွင်ထပ်မံ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်တစ်ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၄)က အသိပေးသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်ကိုဟိန်းလည်း ပါဝင်ခဲ့သည်ဟု အသိပေးသည်။

” ဖြစ်တာကတော့ ရေဖြူဘက်ခြမ်းက။ နာရီတောင်လမ်းဆိုတာက ကလိန်အောင်နဲ့ နာရီတောင်သွားတဲ့ လမ်းပေါ့။ ရေဖြူမြို့နယ်ပေါ့။ တိုက်ပွဲဖြစ်တဲ့နေရာက နယ်စပ်မှာမဟုတ်ဘူး ။နယ်စပ်နဲ့ အမှတ်(၈)လမ်းမကြားမှာဘဲ ထင်တယ်။ စစ်ရေးအခြေအနေက စစ်ကြောင်းထိုးတော့ တိုက်ပွဲဖြစ်မှာပေါ့”ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များမှာ ခလရ -၂၈၂တပ်ရင်း ၊ ၂၇၃၊ ၄၀၈၊ ၄၀၉၊ ၄၁၀တပ်ရင်းတို့မှ ဖြစ်ပြီး အင်အား ၁၀၀ခန့်ပါဝင်နိုင်ဟု ပဒိုစောအယ်နားက ခန့်မှန်းသည်။

နတ်အိမ်တောင်စခန်းသည် ထီးခီးဒေသ အရှေ့မြောက်ဘက်ခြမ်း၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းဖြစ်သည်ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

” စကစ အင်အားများတယ်။ ၁၀၀ ကျော်တယ်။ အဲဒီစခန်း(နတ်အိမ်တောင်စခန်း)။ ဂတ်စ်ပိုက်လုံးတပ်မလို့လို့။ ဂတ်စ်ပိုက်လိုင်း ထိုင်းဘက်သွားလမ်း။ နတ်အိမ်တောင်စခန်းက လုံခြုံရေးယူပေး”ဟု ကရင်သတင်းရင်းမြစ်က နတ်အိမ်တောင်စခန်း အခြေအနေကို ပြောသည်။

ထို့အပြင် နတ်အိမ်တောင်နှင့် အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲမှူး ဗိုလ်ကြီးဇော်ဇော်အောင်သည် စစ်ကောင်စီ၏ လက်ရှိကျင့်သုံးနေသော စနစ်နှင့် ဆောင်ရွက်နေသော နည်းလမ်းများကို လက်မခံနိုင်၍ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့သည်ဟု မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ(၄) ပူးပေါင်းတပ်သည် ထီးခီး၊ ထီးထ၊ ဘောဒီ၊ငါးရံ့နီ၊သုခ စစ်ကောင်စီ နယ်စပ်စခန်းများကို ယခုနှစ်အတွင်း သိမ်းပိုက်ထားပြီးဖြစ်ကာ ကျန်နေသည့် တပ်စခန်းများကို တိုက်ခိုက်သွားရန်ရှိဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

သုခစခန်းသိမ်းတိုက်ပွဲမတိုက်မီ အဆိုပါတပ်စခန်းတာဝန်ခံ ခလရ(၂၈၂)တပ်ရင်း စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်ကြီးမျိုးဆွေဦး(ခ) စောမိုးဇက်သည် စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နှင့် ချိတ်ဆက် ဘက်ပြောင်းခိုလှုံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။