Connect with us

Hi, what are you looking for?

သတင်း

မြန်မာပိုင်နက်ထဲက ခွဲထွက်ရေး အဖွဲ့တစ်ခုကို အိန္ဒိယကဒရုန်းနဲ့ တိုက်ခိုက်ခဲ့​ကြောင်းစွပ်စွဲချက်ကို အိန္ဒိယစစ်တပ်ငြင်း

ဒရုန်း​တွေနဲ့ ၂ ကြိမ် တိုက်ခိုက်မှုမှာULFA ​​ခေါင်း​ဆောင်ပိုင်း ၃ ဦး​သေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

ညီညွတ်သော အာသံ လွတ်မြောက်ရေး တပ်ဦး (ULFA)မှတပ်ဖွဲ့ဝင် အချို့

ဇူလိုင်-၁၄၊၂၀၂၅/People’s Spring

မြန်မာဖက်ကို နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယ ခွဲထွက်ရေး လက်နက်ကိုင် အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယ စစ်တပ်ကတော့နယ်စပ်ဖြတ်ကျော်ဒရုန်းတိုက်ခိုက်မှုလုပ်ခဲ့တယ် ဆိုတာကို ငြင်းဆိုထားပါတယ်။

ဇူလိုင် ၁၃ ရက်နေ့ကမြန်မာနိုင်ငံအနောက်မြောက်ဖက်ခြမ်း နယ်စပ်မှာ ရှိနေတဲ့ ညီညွတ်သော အာသံ လွတ်မြောက်ရေး တပ်ဦး (ULFA) စခန်းတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်တာ ခံခဲ့ရတာလို့ဆိုပါတယ်။ အဲဒီ ဖြစ်စဉ်မှာ ULFAရဲ့ ထိပ်ပိုင်း စစ်ဦးစီးတစ်ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ULFAက ပြောပါတယ်။

ULFA အပါအဝင် အိန္ဒိယ အစိုးရကို တော်လှန်နေတဲ့ ခွဲထွက်ရေး အင်အားစု တချို့ဟာ မြန်မာဖက်ခြမ်းတိုင်းရင်းသားမျိုးနွယ်စုတချို့နဲ့ ဘာသာစကား၊ ယဉ်ကျေးမှု နှီးနှောဆက်နွှယ်နေသလို မြန်မာပိုင်နက်မှာ တပ်စခန်းတွေ ဖြန့်ကျက်ထားလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ပထမဆုံး တိုက်ခိုက်မှုမှာ ULFA ထိပ်ပိုင်း စစ်ဦးစီး သေဆုံးခဲ့ပြီး နောက်ဆက်တွဲ တိုက်ခိုက်မှုတွေမှာ တခြားခေါင်းဆောင်နှစ်ဦးပါအသက်ဆုံးရှုံးခဲ့ကြောင်း၊ အဖွဲ့သားတွေနဲ့ အရပ်သားတွေလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း အဲဒီအဖွဲ့က ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။

တခြားလက်နက်ကိုင် အင်အားစု တစ်ခုဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) စခန်းတစ်ခုလည်း အဲဒီနား တဝိုက်မှာ ရှိနေခဲ့တယ်လို့ ULFA က ပြောပါတယ်။ULFAကအာသံပြည်နယ်ခွဲထွက်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး PLAကတော့ မဏိပူရပြည်နယ် ခွဲထွက်ရေးကို လက်နက်ကိုင် လမ်းစဉ်နဲ့ တောင်းဆိုနေတာပါ။

အိန္ဒိယစစ်တပ်ကတော့ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာဖက်ခြမ်းမှာ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။အိန္ဒိယစစ်တပ်ရဲ့စစ်ဆင်ရေးထဲမှာ ULFAက ပြောထားတဲ့ ကိစ္စမျိုး မရှိခဲ့ဘူးလို့ စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဒုတိယ ဗိုလ်မှူးကြီး မာဟင်ဒရာ ရာဝတ်က ပြောပါတယ်။

အာသံပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ် ရဲတပ်ဖွဲ့တို့ကလည်း အဲဒီလို စစ်ဆင်ရေးမျိုးအကြောင်း သိလည်းမသိခဲ့သလို ပါဝင်ပတ်သက်မှုလည်း မရှိခဲ့ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ကိုးကား-Express Tribune

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အတိုက်အခံ နိုင်ငံရေးပါတီတွေ ဦးဆောင်ပြီး လူပေါင်း ထောင်နဲ့ချီ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ မြို့တော် ဒေလီက အိန္ဒိယ တရားရုံးချုပ်ဆီ ချီတက်ပြီး ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံက ခရီးသည်တင် လေယာဉ်တစ်စီးပေါ်မှာ ပါဝါဘန့်ခ် မီးလောင်မှုကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

အိန္ဒိယမှာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ ပိုးဟပ်ပြည်သူ့ပါတီ (CJP) ထူထောင်သူ အက်ဘ်ဟီဂျိထိ ဒစ်ပ်ကီကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

လူငယ်အများစု ပါဝင်ပြီး အစိုးရကို သရော်လှောင်ပြောင်ထားတဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှု ခေါင်းဆောင်တွေ အပါအဝင် ဆန္ဒပြသူတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေ၊ ရှေ့နေတွေ စုစုပေါင်း လူ ၁၀၀၀ ကျော်လောက်ကို အိန္ဒိယက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။