Connect with us

Hi, what are you looking for?

သတင်း

သိန္နီမြို့၌ စက်သုံးဆိုင် မီးလောင်ပေါက်ကွဲ

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် စက်သုံးဆိုင်တစ်ဆိုင် မီးလောင်ပေါက်ကွဲပြီး လူတစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သိန္နီမြို့ရှိ မြို့ဦးဓာတ်ဆီဆိုင်မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၂၃၊၂၀၂၅။လူအေး/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် စက်သုံးဆိုင်တစ်ဆိုင် မီးလောင်ပေါက်ကွဲပြီး လူတစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သိန္နီမြို့ရှိ မြို့ဦးဓာတ်ဆီဆိုင်သည် ယနေ့(ဇူလိုင် ၂၃ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် မီးလောင်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

” ပေါက်ကွဲသံလည်း အကျယ်ကြီးကြားရတယ်။ မီးလောင်တာလည်းများတယ်။ ဒဏ်ရာရတာကဆိုင်ရှင်ရဲ့သားလို့ သိရတယ်။ ဘာကြောင့်ဘယ်လိုဖြစ်တယ်တော့မသိဘူး။ ကိုးကန့်ရဲတွေတော့ရောက်လာတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ MNDAAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ သိန္နီမြို့သည်၁၀၂၇ စစ်ဆင်ရေးနှင့်အတူMNDAAကတိုက်ခိုက်သိမ်းယူခဲ့ပြီး ထိန်းချုပ်ထားသည်။

၂၀၂၄နိုဝင်ဘာကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးကိုးရပ်ကွက်မှ စက်သုံးဆီဆိုင်တွင် ဆီဘောက်ဆာကားမီးလောင်ပေါက်ကွဲမှုဖြစ်ပြီး မီးငြှိမ်းသတ်သူများအပါအဝင် ၂၁ဦး ဒဏ်ရာရခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံမှာ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးလောင်ပေါက်ကွဲရာက လေယာဉ်မှူးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့က လူ ၃ဦးသေဆုံးတဲ့ စက်သုံးဆီဆိုင် ပေါက်ကွဲမီးလောင်မှုမှာ ဆီသို‌လှောင်ကန်တွေကို မြေပြင်ပေါ်မှာ ထားရှိတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ဆောင်မှုအပေါ် ပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့က ကောင်းထက်စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပြီး တစ်ဆိုင်လုံးမီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။