Connect with us

Hi, what are you looking for?

သတင်း

တီးတိန်ကိုစစ်အင်အားဖြည့်တဲ့စစ်တပ်လက်နက်ခဲယမ်းတင်ယာဉ် မီးလောင်ပေါက်ကွဲ

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေ – ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ယနေ့ တီးတိန်မြို့လိုင်းလုံရပ်ကွက်မှာစကမရဲ့လက်နက်ခဲယမ်းတင် ဆောင်တဲ့ ဖော်လန်ကားတစ်စီး ပေါက်ကွဲ။ကားပေါ်ရှိ ကျည်ဆန်၊ ဗုံးသီး ခဲယမ်းများအားလုံးပျက်စီး။ စိတ်မကောင်းလိုက်တာ… တစ်စီးတည်း ပျက်လို့”ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က လူမှုကွန်ရက်မှာ ရုပ်သံမှတ်တမ်းဖော်ပြ အသိပေးထားပါတယ်။

“ဖြစ်နိုင်တာကတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲနဲ့ သူ့ဟာသူ သွားလာရင်း မတော်တဆဖြစ်တာကြောင့် ပေါက်ကွဲတာဖြစ်တယ်လို့ယူဆရပါတယ်။ ဒါက တီးတိန်မြို့ထဲရောက်ပြီးမှဖြစ်တာပါ ” ဟုဆလိုင်းယောမာန်ကစစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတင်ယာဉ်ပေါက်ကွဲမှု အကြောင်းအရင်းအားမေးမြန်းမှု အပေါ် ပြန်လည် ဖြေကြားပါတယ်။

Public Service Announcement

Public Service Announcement

တီးတိန်မြို့နယ်အတွင်းရှိ ချင်းတော်လှန်ရေးသတင်းရင်းမြစ်ကလည်း “ အဲဒါက သူဟာသူ ပေါက်ကွဲတာပဲနေမှာပါ။ အခုကားက စခတွေရဲ့ကားဟုတ်တယ် လက်နက်ခဲယမ်းတွေ ဒရုန်းတွေ သယ်တဲ့ ဟာပေါ့ ” လို့ ပြောပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တွေက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်မယ်လို့ ကြေညာထားတဲ့ တီးတိန်ကို စစ်ကောင်စီက မေလဆန်းမှာ စစ်အင်အားတွေ ဖြည့်တင်းဖို့ ကြိုးစားလျက်ရှိရာ ဒီရက်ပိုင်းမှာ မြို့ကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ တီးတိန်ကို အင်အားဖြည့်တင်းတဲ့ စစ်ကောင်စီတပ်ကို ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ပါတယ်။

တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

စစ်တပ်ဟာ တီးတိန်နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ဖလမ်းမြို့ကို ဧပြီနောက်ဆုံးပတ်မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်းနဲ့ ဟားခါးလမ်းပိုင်းဆက်လက်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ထိုးစစ်ဆင်နေလို့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

https://www.facebook.com/reel/4217717055199184

ရုပ်သံ – Yaw Mang

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။