Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့အနီး ရောက်လာ၊ မောင်းကုန်းရွာကို ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်နေ

ထီးချိုင်းမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုသည် အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်နေသည်ဟု ထီးချိုင့်ဒေသသတင်းရင်းမြစ်က ပြောသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောအုပ်စုမှ တစ်စီးအား ဇူလိုင်၂၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဌေးကိုကို

ဇူလိုင်-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ထီးချိုင်းမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုသည် အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်နေသည်ဟု ထီးချိုင့်ဒေသသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၂၃ရက်က ထီးချိုင့်မြို့နယ် ဒင်ကြီးကျကျေးရွာ အနီးရွှေမြေကျွန်း၌ ကျောက်ချရပ်နားခဲ့သည့် စစ်သင်္ဘောများသည် ယနေ့(ဇူလိုင်၂၄ရက်) နံနက်တွင် အထက်သို့ ဆန်တက်ရာ မောင်းကုန်းကျေးရွာ အနီးအရောက် ကျေးရွာရှိ ဆီဆိုင်ကို ဒရုန်းဖြင့် မီးလောင်ဗုံးချတိုက်ခိုက်ခဲ့သည်ဟု Tigyaing Reolutionက အသိပေးထားသည်။

ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း “စကစ သင်္ဘော ၁၇စီးအုပ်စုကတော့ မောင်းကုန်းထူးဆိပ်နားကို ရောက်နေပါပြီ။ မောင်းကုန်း ခိုင်ရွှေဝါဆီဆိုင်နားကို မီးလောင်ဗုံးကျတယ်လို့တော့ သိရပါတယ်ဗျ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

မောင်းကုန်းကျေးရွာသည် ထီးချိုင့်မြို့နှင့်နီးနေပြီးနှင့် သင်္ဘောများလည်း ထီးချိုင့်မြို့နား နီးနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုကို သပိတ်ကျင်းမြို့နယ်တွင် PDFပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘော ၁၇စီးပါ အုပ်စုအနက်မှ သင်္ဘောအချို့နစ်မြုပ်၊ ပျက်စီး၊ မီးလောင်မှုများ ဖြစ်ခဲ့သည်။

ထို့ကြောင့် ဇူလိုင် ၂၃ရက်က ဒင်ကြီးကျရွာသို့ စစ်သင်္ဘောများဝင်ရောက်လာစဉ် ပထမအသုတ် သင်္ဘော ၁၁စီးသာ ရောက်ရှိခဲ့သည်။

ထို့နောက် ဒုတိယအသုတ် သင်္ဘောအုပ်စုမှ ၆စီးသည် ဇူလိုင် ၂၃ရက် ညပိုင်းတွင် ဒင်ကြီးကျရွာအနီး၌ ပထမသင်္ဘောများနှင့် ထပ်မံ ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။

“ နောက်က ထပ်လိုက်လာတာပါ။ အတူပေါင်းသွားလို့ပါ”ဟု ထီးချိုင့်ဒေသ သတင်းရင်းမြစ်က ၎င်းတို့ မြို့နယ်အတွင်း စစ်ကောင်စီသင်္ဘောများ ပေါင်းစည်းပြီး ဆက်လက်ဆန်တက်နေသည့် အခြေအနေကို ပြောသည်။

အဆိုပါ စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့သို့ ဝင်ရောက်ရန် နာရီပိုင်းသာလိုတော့ကြောင်း၊ ယင်းသင်္ဘောအုပ်စုအနေဖြင့်လည်း တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှု မလွဲမသွေ ကြုံရမည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

စစ်သင်္ဘောအုပ်စုသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် ဗန်းမော်မြို့ကို စစ်အင်အား၊ လက်နက်ခဲယမ်း ရိက္ခာဖြည့်တင်းရန် ဦးတည်လာခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်များက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။