Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့၌ ညအိပ်ရပ်နား၊ သင်္ဘောအချို့မှ လက်နက်ခဲယမ်း၊ ရိက္ခာများချ

အာဏာသိမ်းစစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုသည် ယနေ့ (ဇူလိုင် ၂၄ရက်)ညပိုင်းတွင် ထီးချိုင့်မြို့၌ ကျောက်ချရပ်နားထားပြီး လက်နက်ခဲယမ်း၊ ရိက္ခာများ ချပေးနေသည်ဟု ဒေသသတင်းရင်းမြစ်က အသိပေးသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောအုပ်စုမှ တစ်စီးအား ဇူလိုင်၂၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဌေးကိုကို

ဇူလိုင်-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုသည် ယနေ့ (ဇူလိုင် ၂၄ရက်)ညပိုင်းတွင် ထီးချိုင့်မြို့၌ ကျောက်ချရပ်နားထားပြီး လက်နက်ခဲယမ်း၊ ရိက္ခာများ ချပေးနေသည်ဟု ဒေသသတင်းရင်းမြစ်က အသိပေးသည်။

မန္တလေးမြို့မှ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘော ၁၇စီးသည် ယနေ့တွင် ထီးချိုင့်မြို့ရောက်ရှိရာ အချို့သည် ရေလယ်၌ ကျောက်ချပြီး အချို့သင်္ဘောကုန်တွဲများမှာ အမှတ်(၃) သရက်မှော်ရပ်ကွက် မြသိန်းတန်ဘုရားလေးဆူရေဆိပ်တွင် ခဲယမ်း၊ရိက္ခာများ ချနေသည်ဟု Tigyaing Revolution က ယနေ့ညပိုင်း၌ အသိပေးသည်။

“ထီးချိုင့်မြို့ထဲရပ်ကွက်တွေပါ”ဟု ထီးချိုင့်ဒေသ သတင်းရင်းမြစ်က စစ်သင်္ဘောများ ကျောက်ချရပ်နားရာ နေရာကို ပြောသည်။ အဆိုပါ စစ်သင်္ဘောများသည် ထီးချိုင်မြို့နယ်သို့ ဝင်လာစဉ် လမ်းတလျှောက် အနီးဝန်းကျင်သို့ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဟုလည်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“အခုအထိတော့ အထိအခိုက် မကြားရသေးပါဘူးဗျ”ဟုလည်း ထီးချိုင့်ဒေသ သတင်းရင်းမြစ်က ပြောသည်။

ထီးချိုင့်တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း “ပစ်တာကတော့ အလွန်အကျွံပဲ။ အထိအခိုက် မကြားရသေးဘူး။ ထီးချိုင့်မြို့နဲ့ အထက်နားမှာ ကပ်ထားတယ်တဲ့။ မောင်းကုန်းကို ဒရုန်းနဲ့ချလို့ ဆီဆိုင်မီးလောင်တယ်လို့ကြားတယ်”ဟု ပြောသည်။

မန္တလေးမှ ဗန်းမော်မြို့သို့ ဦးတည်ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုကို PDF ပူးပေါင်းတပ်များက သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအချို့ နစ်မြုပ်၊ ပျက်စီးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ မော်လိုက်မြို့ကိုရောက်ရှိနေပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။