Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-ဒလသမ္မာန် တိမ်းမှောက်မှုဖြစ်ပြီး လူ ၃ဦး ပျောက်ဆုံးနေ

ရန်ကုန်မြို့နဲ့ ဒလမြို့ကို ကူးသန်းတဲ့ သမ္မာန်တစ်စီးတိမ်းမှောက်ခဲ့ပြီး စက်လှေမောင်းသူအပါအဝင် လူ ၃ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရန်ကုန်မြို့နဲ့ ဒလမြို့ကို ကူးသန်းတဲ့ သမ္မာန်ပေါ်ကို တက်ဖို့ စောင့်ဆိုင်းနေသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - တာရာ)

မေ -၂၉၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့နဲ့ ဒလမြို့ကို ကူးသန်းတဲ့ သမ္မာန်တစ်စီးတိမ်းမှောက်ခဲ့ပြီး စက်လှေမောင်းသူအပါအဝင် လူ ၃ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ မေလ ၂၈ ရက် ည ၇ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး မော်တင်ဆိပ်ကမ်းကနေ ဒလမြို့ဘက် ကူးသန်းချိန် ဇာတ်သင်္ဘောနဲ့တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့ည ၇ နာရီလောက်ကဖြစ်တာ။ မော်တင်ဆိပ်ကမ်းကနေ ထွက်လာတာ။ ရေလယ်ရောက်တော့ သဗ္ဗာန်က ဒိုက်တွေနဲ့ငြိပြီး ရပ်သွားတဲ့ အချိန် ဇာတ်သင်္ဘောကလည်း လာတဲ့ အချိန်နဲ့ တိုက်မိတာ။ ဇာက်သင်္ဘောကလည်း အဲဒီချိန်နောက်ဆုံးထွက်တယ့်ဟာ။ သုံးဦးကိုရှာနေတုန်းပဲ။ စက်လှေမောင်းသမားလည်းပါသွားတယ်” လို့ ဖြစ်စဥ်မှာ သွားရောက်ကူညီပေးသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ သမ္မာန်ပေါ်မှာ စုစုပေါင်း လူ ၁၂ ဦး လိုက်ပါလာခဲ့ပြီး ၉ ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မေလ ၂၉ရက် နေ့လည်ပိုင်းအထိ ပျောက်ဆုံးနေသူ ၃ဦးကို ရှာဖွေနေဆဲလို့ သိရပါတယ်။

“ဒလတံတားကြီးဖွင့်ပြီးသော်လည်းYBS ကားတွေက လုံလောက်အောင်လည်းမရှိ။ (၆)နာရီလောက်ဆိုမဆွဲတော့တာကြောင့် ရရာသမ္မာန် တွေတိုးဝှေ့စီးကြရတာပါ။ ည ၇ နာရီခွဲခန့်မှာမှောက်တာလို့ သိရပါတယ်။ သက်ဆိုင်သူများကူညီကြပါ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တာ ၇၉ နှစ်မြောက်အာဇာနည်နေ့ ဒီက​နေ့နံနက် ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့ မှာကား​တွေကရပ်တန့်ပြီး ဟွန်းတီး အ​လေးပြုခဲ့ကြပါတယ်။