Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-ဒလသမ္မာန် တိမ်းမှောက်မှုဖြစ်ပြီး လူ ၃ဦး ပျောက်ဆုံးနေ

ရန်ကုန်မြို့နဲ့ ဒလမြို့ကို ကူးသန်းတဲ့ သမ္မာန်တစ်စီးတိမ်းမှောက်ခဲ့ပြီး စက်လှေမောင်းသူအပါအဝင် လူ ၃ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရန်ကုန်မြို့နဲ့ ဒလမြို့ကို ကူးသန်းတဲ့ သမ္မာန်ပေါ်ကို တက်ဖို့ စောင့်ဆိုင်းနေသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - တာရာ)

မေ -၂၉၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့နဲ့ ဒလမြို့ကို ကူးသန်းတဲ့ သမ္မာန်တစ်စီးတိမ်းမှောက်ခဲ့ပြီး စက်လှေမောင်းသူအပါအဝင် လူ ၃ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ မေလ ၂၈ ရက် ည ၇ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး မော်တင်ဆိပ်ကမ်းကနေ ဒလမြို့ဘက် ကူးသန်းချိန် ဇာတ်သင်္ဘောနဲ့တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့ည ၇ နာရီလောက်ကဖြစ်တာ။ မော်တင်ဆိပ်ကမ်းကနေ ထွက်လာတာ။ ရေလယ်ရောက်တော့ သဗ္ဗာန်က ဒိုက်တွေနဲ့ငြိပြီး ရပ်သွားတဲ့ အချိန် ဇာတ်သင်္ဘောကလည်း လာတဲ့ အချိန်နဲ့ တိုက်မိတာ။ ဇာက်သင်္ဘောကလည်း အဲဒီချိန်နောက်ဆုံးထွက်တယ့်ဟာ။ သုံးဦးကိုရှာနေတုန်းပဲ။ စက်လှေမောင်းသမားလည်းပါသွားတယ်” လို့ ဖြစ်စဥ်မှာ သွားရောက်ကူညီပေးသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ သမ္မာန်ပေါ်မှာ စုစုပေါင်း လူ ၁၂ ဦး လိုက်ပါလာခဲ့ပြီး ၉ ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မေလ ၂၉ရက် နေ့လည်ပိုင်းအထိ ပျောက်ဆုံးနေသူ ၃ဦးကို ရှာဖွေနေဆဲလို့ သိရပါတယ်။

“ဒလတံတားကြီးဖွင့်ပြီးသော်လည်းYBS ကားတွေက လုံလောက်အောင်လည်းမရှိ။ (၆)နာရီလောက်ဆိုမဆွဲတော့တာကြောင့် ရရာသမ္မာန် တွေတိုးဝှေ့စီးကြရတာပါ။ ည ၇ နာရီခွဲခန့်မှာမှောက်တာလို့ သိရပါတယ်။ သက်ဆိုင်သူများကူညီကြပါ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျောက်ဆုံးသူတွေ့ရင် ဆက်သွယ်ပေးဖို့ မိသားစုအကူအညီတောင်း

သတင်း

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ‌ ‌ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်