Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုစစ်ရှောင်များရှိနေသည့် နောင်ပိန်ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ကနောင်ပိန်ကျေးရွာကိုစစ်တပ်က ယနေ့(ဇူလိုင်လ ၂၆ရက်) နေ့လယ်ကစ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး လူ‌နေအိမ်များအနီး ကျရောက်ပေါက်ကွဲနေသည်။

ဇူလိုင်-၂၆၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ကနောင်ပိန်ကျေးရွာကိုစစ်တပ်က ယနေ့(ဇူလိုင်လ ၂၆ရက်) နေ့လယ်ကစ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး လူ‌နေအိမ်များအနီး ကျရောက်ပေါက်ကွဲနေသည်။

စစ်တပ်က နောင်ချိုမြို့ကနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ဒေသခံများထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

“အရင်ရက်ကလေကြောင်းအန္တရာယ်ကိုအာရုံစိုက်နေခဲ့တာ။လက်နက် ကြီး ပစ်မယ်လို့လည်းသတင်းရခဲ့တာပဲ။ ဒီနေ့ကစပြီးလက်နက်ကြီးတွေပစ်နေပြီ။ လက်နက်ကြီးတွေနောင်ချိုမှဆင်ထားတယ်လို့ ကြားတယ်”ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နေ့လယ်၁၂နာရီခန့်မှညနေ ၄နာရီခန့်အထိ လက်နက်ကြီးကျည် ၈လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

နောင်ချိုမြို့ခံများသည် ပြင်ဦးလွင်မြို့နှင့် ကျောက်မဲမြို့နယ်က နောင်ပိန်ကျေးရွာသို့ စစ်ဘေးရှောင်နေကြသည်။

စစ်တပ်က နောင်ချိုမြို့ကို ပြန်သိမ်းပြီးနောက် ပြင်ဦးလွင်မြို့၌ စစ်ဘေးရှောင်နေကြသည့် နောင်ချိုမြို့ခံများမှာ နေရပ်ပြန်ခွင့်ရပြီး နောင်ပိန်ရွာသို့ စစ်ဘေးရှောင်နေကြသည့် ဒေသခံများမှာ နေရပ်ပြန်လာခွင့် မရသေးပေ။

နောင်ချိုနှင့် ကျောက်မဲမြို့နယ်ကြား ဂုတ်တွင်းအကျော်ကစပြီး ကျောက်မဲမြို့နယ်အတွင်း တအာင်းတပ်မတော် (TNLA)က ဆက်လက်ထိန်းချုပ်ထားသည်။

“နောင်ပိန်ကိုသွားပြီးရှောင်တဲ့သူတွေကပြန်လာလို့မရသေးဘူး။ပလောင် (TNLA)ဘက်က ပုံစံမျိုးသဘောထားနေတာဖြစ်မယ်၊ နောင်ပိန်မှာ နောင်ချိုက စစ်ရှောင်တွေအများကြီး”ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် ၁၆ရက်တွင် ပြန်လည်သိမ်းယူပြီးနောက် ရှမ်းမြောက်ကုန်သွယ်‌ရေးလမ်းပေါ်တွင်ရှိသည့် ကျောက်မဲနှင့်သီပေါမြို့ကို ထပ်မံတိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေပြီး ဒေသခံများစိုးရိမ်နေကြသည်။

ကျောက်မဲနှင့်သီပေါမြို့ကိုစစ်ကောင်စီကလေကြောင်းမှမကြာခဏပစ် ခတ်နေပြီး နောင်ချိုမြို့မှလည်း လက်နက်ကြီးများတပ်ဆင်၍ ပစ်ခတ်လာခြင်းဖြစ်သည်။

နောင်ချိုမြို့ကို စစ်ကောင်စီကသိမ်းယူသွားပြီးနောက် ကျောက်မဲနှင့်သီပေါမြို့မှ ဒေသခံအချို့ ဘေးလွတ်ရာသို့ စတင်တိမ်းရှောင်နေကြရပြီဟု သတင်းရရှိသည်။

ထွက်ပြေးလာသည့်စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရေးပြင်ဆင်ထားသည်ဟု ကိုးကန့် တပ်မတော်(MNDAA) က သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ်အများအပြားကကို ၁၀၂၇ စစ်ဆင် ရေးနှင့်အတူ သိမ်းယူခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် စစ်ကောင်စီအားပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်အာဏာရှင်ကိုဆန့်ကျင်သည့် ဒေသခံပြည်သူများက ထုတ်ဖော်ပြောဆိုမှုများရှိနေသည်။

AA၊ TNLAနှင့် MNDAA တို့ပါဝင်သော မြောက် ပိုင်း မဟာမိတ်သုံးဖွဲ့ ဖော်ဆောင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီအလွန်အထိနာခဲ့သည်။ ယခုအခါ MNDAAက လားရှိုးမြို့အားစစ်ကောင်စီထံပြန်ပေးလိုက်ပြီးအပစ်ရပ် ထားသည်။

TNLAကလည်း စစ်ကောင်စီ၏ ထိုးစစ်ကို ရင်ဆိုင်နေရသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပူးပေါင်း၍ စစ်ကောင်စီကိုတန်ပြန်တိုက်ခိုက်ကြရန်လည်း လူထုနှင့် နိုင်ငံရေးလေ့လာသူများက တိုက်တွန်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။