Connect with us

Hi, what are you looking for?

သတင်း

ပု​လောမှာစစ်တပ်​ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ပြည်သူတွေရဲ့ပစ္စည်းတွေကို ကောင်းမွန်စွာထိန်းသိမ်းထား၊ မိသားစုဝင်​တွေဆက်သွယ်ထုတ်ယူနိုင်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ထုတ်ပြန်

ပုလောမြို့နယ်၊ဇရပ်ဆိပ်ရွာကို စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးသွားတဲ့ ခရီးသွားပြည်သူတွေရဲ့ ကျန်ရစ်တဲ့ပစ္စည်းတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာထုတ်ပြန်ပါတယ်။

ပခရီးသွားပြည်သူတွေ ဝင်ရောက်ခိုလှုံနေတဲ့ ဇရပ်ဆိပ်ရွာမှ နေအိမ်တစ်လုံးကို စစ်တပ်ကဒရုန်းရဲ့ဗုံးသီးချ ၊လက်နက်ကြီးပစ်ခတ်ခံရမှုအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - မြိတ်ခရိုင်အမှတ် (၁)တပ်ရင်း

ဇူလိုင်-၃၀၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပုလောမြို့နယ်၊ဇရပ်ဆိပ်ရွာကို စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးသွားတဲ့ ခရီးသွားပြည်သူတွေရဲ့ ကျန်ရစ်တဲ့ပစ္စည်းတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ ဇရပ်ဆိပ်ရွာကိုစစ်တပ်ရဲ့ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုမှာပြည်သူ (၁၀)ဦးသေဆုံးပြီးငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အဲဒီပြည်သူအများစုဟာခရီးသွားလာရင်းတိုက်ပွဲဇုန်ထဲရောက်ရှိသွားတာကြောင့် နီးစပ်ရာနေအိမ်တစ်လုံမှာဝင်ရောက်ခိုလှုံနေစဥ် ညအချိန်မတော်ဒရုန်းဗုံးနဲ့ လက်နက်ကြီးပစ်ခတ်ခံခဲ့ရတာပါ။

ဒါကြောင့် အဲဒီပစ်ခတ်ခံရမှုမှာသေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူအရေအတွက်နဲ့ အမည်စာရင်းကို ဒီကနေ့မှာ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းက အသိ

Public Service Announcement

Public Service Announcement

ပေးထုတ်ပြန်လာပြီး သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်များအနေနဲ့ တပ်ရင်းရဲ့ တယ်လီဂရမ်အကောင့် @P23401palaw ကို ဆက်သွယ်၍ ပစ္စည်းများပြန်လည်ရယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူများမှာ ဦးမြင့်သန်း(အသက်မသိရ)၊ ဦးသန်းထွန်း (၄၅)နှစ်၊ ဦးဝင်းအောင် (၅၁)နှစ်၊ ဒေါ်ခင်သူဇာ(အသက်မသိရ)၊ ဒေါ်ခိုင်ဇာဝင်း (၄၈)နှစ်၊ ဦးအောင်ဇော်မိုး (၄၂)နှစ်၊ ဒေါ်သန်း (၅၇)နှစ်၊ ဦးထွန်းကို (၄၉)နှစ်၊ ကိုကိုနိုင်(အ သက်မသိရ)နဲ့ အမည်မသိသူတစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“တန်ဖိုးကြီးလက်ဝတ်လက်စားတွေ၊ဖုန်းတွေပါတယ်ခင်ဗျ။ ယာဉ်(ကား)ကတော့ ပျက်စီးတာမျိုး မရှိပါဘူး”ဟု သေဆုံးသူတွေကျန်ရစ်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီး မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

နေအိမ်ပေါ်ကို ဒရုန်းဗုံးသီးနဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးသွားတဲ့ ဆိုင်ကယ်တွေကတော့ အိမ်ရှင်ပိုင်ဆိုင်တဲ့ယာဥ်တွေသာဖြစ်ပြီး ခရီးသွားပြည်သူတွေစီးနင်းလာတဲ့ကားထိခိုက်ပျက်စီးမှုမရှိဘူးလို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

“(ထိတွေ့တိုက်ပွဲ)လောလောဆယ် ငြိမ်နေပါတယ်။ ဒရုန်းတွေ၊ လက်နက်ကြီးတွေပဲဆက် တိုက်ထုနေပါတယ်”လို့ ပုလောမြို့နယ်တွင်း လတ်တလောအခြေအနေကို ဒေသတော်လှန် ရေးသတင်းရင်းမြစ်တစ်ဦးက People’s Spring ကို ပြောပါတယ်။

မြို့နယ်တွင်းက ကျေးရွာတွေကို ဒရုန်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကို ပလမြို့စစ်တပ်စခန်းကုန်း၊ ခလရ-၂၈၅၊ တိုတောင်ကုန်းအထိုင်စခန်းနဲ့ စစ်ကောင်စီစစ်သ​ဘော်တွေကနေ ပစ်ခတ်နေတာလို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေထံက စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။