Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ ပြည်သူကိုယ်စားပြုအစိုးရ မဖြစ်ဟု TNLA ပြော

အာဏာသိမ်းစစ်ကောင်စီအနေဖြင့်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းနေသကဲ့သို့ စစ်တပ်တွင်းရှိ စစ်ဗိုလ်ချုပ်များ အပါအဝင် ရာထူး အဆင့်ဆင့်ရှိသူများ အရပ်သားအသွင်ပြောင်းလဲမှုများ တွေ့ရကြောင်း တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး။ ဓာတ်ပုံ - Screen Grab

ဩဂုတ်-၅၊ ၂၀၂၅။ ရဲခေါင်၊ သက်ဝေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီအနေဖြင့်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းနေသကဲ့သို့ စစ်တပ်တွင်းရှိ စစ်ဗိုလ်ချုပ်များ အပါအဝင် ရာထူး အဆင့်ဆင့်ရှိသူများ အရပ်သားအသွင်ပြောင်းလဲမှုများ တွေ့ရကြောင်း တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

ယနေ့ (ဩဂုတ် ၅ရက်) ကျင်းပသည့် TNLA၏ စစ်ရေးနိုင်ငံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင်စစ်ကောင်စီဦးစီးပြီးကျင်းပမည့် ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

” သေချာတာကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲသည် အရပ်သားလူထုကို ကိုယ်စားပြုမယ့် အစိုးရ မဖြစ်နိုင်တာကတော့ သေချာပါတယ်”ဟု လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက၎င်းတို့စစ်တပ်အတွင်းရှိစစ်ဗိုလ်ချုပ်များအပါအဝင် အရာရှိများကို အရပ်သား ပုံစံမျိုး ပြောင်းလဲကာ အစိုးရ အဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ဟုလည်း လွေးယေဦးက ပြောသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကြောင်းထိုး လှုပ်ရှားမှုများ၊ မြို့နယ် ၆၃မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းမျာလုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အလုပ်သမားဝန်ကြီး ဌာန ဒုဝန်ကြီး ဦးကျော်နီက ပြောကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့်မဟာမိတ်များကလည်း စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲကို ကဏ္ဍပေါင်းစုံမှ ဆန့်ကျင်ရန် ဆောင်ရွက်ထားဟု ဒုဝန်ကြီးက ပြောသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတကာ သံတမန်ရေးအရ အောင်မြင်မှု ရရှိထားပြီး စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံတကာက လက်မခံကြဟု ပြောသည်။

” သူ့ကို ဘာလုပ်လုပ်ထောက်ခံနေတဲ့ နိုင်ငံတချို့ကလွဲရင် ကျန်တဲ့နိုင်ငံတွေက ထောက်ခံတဲ့ အရိပ်အယောင်မတွေ့ရပါဘူး” ဟု ဦးကျော်နီက ပြောသည်။

စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲက ပြဿနာ ပိုများစေသည်ဆိုသည့် ဝေဖန်မှုများပင်ရှိနေကြောင်း ဒုဝန်ကြီး ဦးကျော်နီက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။