Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ထားဝယ်မြို့အဝင်အထွက်ကိုပိတ်ဆို့ပြီး လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေ

တနင်္သာရီတိုင်း၊ထားဝယ်မြို့မှာစစ်ကောင်စီတပ်က ညအချိန် မြို့အဝင်အထွက်တွေကိုပိတ်ဆို့ပြီး ဧည့်စာရင်းအကြောင်းပြကာ နေအိမ်ပေါ်အထိတက်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေအခုရက်ပိုင်းဆက်တိုက်လုပ် ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

ထားဝယ်မြို့ပေါ်မှစစ်တပ်ဘန်ကာတစ်ခုကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ/ပုံဟောင်း

သြဂုတ်-၅၊၂၀၂၅။ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ထားဝယ်မြို့မှာစစ်ကောင်စီတပ်က ညအချိန် မြို့အဝင်အထွက်တွေကိုပိတ်ဆို့ပြီး ဧည့်စာရင်းအကြောင်းပြကာ နေအိမ်ပေါ်အထိတက်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေအခုရက်ပိုင်းဆက်တိုက်လုပ် ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

မြို့အဝင်အထွက်စစ်တပ်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ကမြောကင်းတံတားဂိတ်၊ပေါက်တိုင်းတံတားဂိတ်၊ အိမ်ရှေ့ပြင်ဂိတ်နဲ့ ဗျောတော၀ဂိတ်တွေကို အခုရက်ပိုင်း ည ၇ နာရီခွဲတာနဲ့ ဖြတ် သန်းခွင့်မပေးဘဲ ပိတ်ထားပြီး မနက် ၄ နာရီခွဲမှ ပြန်လည်ဖြတ်သန်းခွင့်ပြုနေတာလို့ အဲဒီသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ထား၀ယ်မြို့အ၀င် ၄ ပေါက်မှာတင်ပိတ်ဆို့ဖမ်းဆီးတာဗျ။ အခုကထား၀ယ်မြို့ထဲပိုင်းကိုဖိပြီး အဓိကထားပြီးဖမ်းနေတာ။ ပြီးတော့ တခြားမြို့နယ်တွေမှာ မြို့ပေါ်လုံခြုံရေးစစ်ကြောင်းလှည့်ပြီး ဖမ်းတယ်”လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထားဝယ်မြို့ပေါ်မှာ စစ်တပ်၊ စစ်ကောင်စီကအသစ်ဖွဲ့စည်းထားတဲ့ရပ်ကွက်၊မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ လက်နက်ကိုင်ပျူစောထီးအဖွဲ့တွေပူးပေါင်းပြီးလူငယ်တွေကိုနေအိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲဖမ်းဆီးရာမှာသြဂုတ် ၄ ရက်နေ့ညက အသက် ၂၀ ဝန်းကျင် အမျိုးသမီးငါးကိုပါ ဖမ်းခေါ်သွားတယ်လို့ အဲဒီတာဝန် ရှိသူက ဆက်ပြောပါတယ်။

ထားဝယ်မြို့ခံအမျိုးသားတစ်ဦးကလည်း”ရေသန့်ပို့သမားတွေရော မြို့ထဲနီးစပ်ရာစွတ်ဖမ်းနေတာ။ လူငယ်တွေ၊အလုပ်သမားတွေအကုန်ပါနေတာပဲ”လို့ ပေါ်တာဆွဲဖမ်းဆီးတဲ့အခြေအနေကိုပြောပါတယ်။

လက်ရှိအခြေအနေမှာ ထားဝယ်မြို့ပေါ်သာမက ထားဝယ်ခရို​င်ထဲကမြို့နယ်တွေဖြစ်တဲ့သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူစတဲ့မြို့နယ်တွေမှာပါ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီး အခုသြဂုတ်လဆန်းပိုင်းမှာတင် လူငယ် ၅၀ ဦးခန့် ဖမ်းဆီးခံထားရတယ်လို့ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

“‌တော်လှန်ရေးအဖွဲ့အစည်းထဲ၀င်ပါလို့မဆိုလိုဘူး။ အကြမ်းဖက်စစ်အုပ်စု လက်လှမ်းမှီတဲ့နေရာတွေက အမြန်ဆုံးထွက်ခွာဖို့ကြဖို့ပါ။ မြို့ထဲလှောင်ပိတ်ပြီး မနေသင့်တော့ဘူး”လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးကလူငယ်တွေကိုအကြံပြုပါတယ်။

လတ်တလောမှာ ထားဝယ်မြို့ပေါ်နေလူငယ်တချို့အပါအဝင် ထားဝယ်ခရိုင်လေးမြို့နယ်မှ လူငယ်တွေ ထိုင်းနယ်စပ်လက်ကို တိမ်းရှောင်ကြတာတွေရှိနေပေမယ့်တော်လှန်ရေးတပ်ဖွဲ့တွေထံချိတ်ဆက်လာတာမျိုး မရှိသေးဘူးလို့အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအတွက် ပေါ်တာဆွဲဖမ်းဆီးနေတာနဲ့ပတ်သက်လို့ ထားဝယ်ခရိုင်လေးမြို့နယ်မှာ လူငယ် ၃၀၀ ဝန်းကျင်အထိ တပ်သားသစ်စုစောင်းသွားမယ်လို့ သတင်းတွေထွက်နေတဲ့အကြောင်းဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။