Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူအချို့ထပ်မံ​သေဆုံးထိခိုက်

လက်လွှတ်ခဲ့ရ​သော ​ညောင်ပင်ကုန်းစခန်းကို KIA ပြန်သိမ်းပိုက်

ဖားကန့်ဗျူဟာစခန်းကို ​မြေပုံ​တွင်​တွေ့ရစဥ်

သြဂုတ်-၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်တွင် စစ်​ကောင်စီက ယနေ့ ညနေပိုင်းတွင်လည်းလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့်​ဒေသခံပြည်သူအချို့ထပ်မံသေဆုံးထိခိုက်မှုရှိသည်။

ရှရော်ခကျေးရွာမှ ညောင်ပင်ကုန်းစခန်းကို KIA၊KPDFက သြဂုတ် ၄ ရက်ကပြန်လည်သိမ်းယူခဲ့စဉ် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်သည်။

“အရပ်သားတွေ ထပ်ထိတယ်ဗျာ။စစ်တပ်က ဗျူဟာကုန်းကနေ ရမ်းပစ်နေပြီး ရွာတွေထဲကို ကျနေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၄ ရက်ကပစ်ခတ်မှုတွင်အသက် ၃နှစ်အရွယ်မောင်အောင်ကောင်းပြည့်အပါအဝင် ၃ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရခဲ့သည်။ သြဂုတ် ၅ ရက်ညနေ ၆နာရီ၄၅ မိနစ်က ပစ်ခတ်မှုတွင် ရှရော်ခရွာစည်ပင်ကွတ်သစ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ၂ဦးသေဆုံးကာ ၉ဦး ဒဏ်ရာရကြောင်း ကနဦး သတင်းရရှိထားသည်။

KIA၊KPDF ထိန်းချုပ်ထားသည့် ဖားကန့်-ဆိပ်မူလမ်းနှင့် ဆက်စပ်နေသောရှရော်ခကျေးရွာမှ ညောင်ပင်ကုန်းစခန်းကို စစ်ကောင်စီက ဩဂုတ်လ ၁ရက် သိမ်းယူခဲ့ပြီး ဩဂုတ်လ ၄ရက်၌ KIA၊KPDFက ပြန်လည်ထိုးစစ်ဆင်ပြီး သိမ်းယူထားသည်။

တိုက်ပွဲပြင်းထန်နေ၍ စစ်ကောင်စီကလေကြောင်းမှလာရောက်တ်ိုက်ခိုက်နိုင်ကြောင်း KIA၊ KPDF တပ်ဖွဲ့ဝင်များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook