Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့မှာ တိုက်ပွဲမရှိဘဲစစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်နေလို့ မြို့ခံတွေထိတ်လန့်နေ

ထားဝယ်ခရိုင်၊လောင်းလုံးမြို့ပေါ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့နေအိမ်အချို့ထိခိုက်ပျက်စီးပြီး မြို့နေပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

လောင်းလုံးမြို့ပေါ် မှာတွေ့ရတဲ့ စစ်​​ကောင်စီရဲတပ်ဖွဲ့ဝင်အချို့။ဓါတ်ပုံ-စစ်​ကောင်စီ/ပုံဟောင်း

သြဂုတ် – ၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ထားဝယ်ခရိုင်၊လောင်းလုံးမြို့ပေါ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့နေအိမ်အချို့ထိခိုက်ပျက်စီးပြီး မြို့နေပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

သြဂုတ် ၇ ရက်နေ့ညနေပိုင်းမှာ လောင်းလုံးမြို့မရဲစခန်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက (ဃ)ရပ်ကွက်၊ အထက (၁)လမ်းဘက်ကို လက်နက်ကြီး (၃)လုံးပစ်ခတ်ခဲ့တာကြောင့် နေအိမ်နှစ်လုံးထိခိုက်ပျက်စီးသွားတယ်လို့​ဒေသခံအချို့က ပြောပါတယ်။

“အခုဆိုညကလည်းထား၀ယ်ကနေလောင်းလုံးဘက််ကို အကြောင်းမဲ့လက်နက်ကြီးပစ်နေတာရှိတယ်။ အခုလည်း ပစ်နေတယ်ဗျ။ လောင်းလုံးမြို့ပေါ် နေအိမ်နှစ်ဆောင် ထိခိုက်ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး”လို့ လောင်းလုံးမြို့နယ် ပကဖ မှတာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ထားဝယ်မြို့၊အ​ကောက်ခွန်ဆိပ်မှာတပ်စွဲထားတဲ့စစ်ကောင်စီရဲ့ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၂၅)မှ တပ် သားများကလည်း လောင်းလုံးမြို့ဘက်သို့ဦးတည်၍ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်နေတယ်လို့ ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အခုလိုစစ်တပ်တွေကလက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့တချိန်တည်းမှာလောင်းလုံးမြို့ပေါ်မှာရှိတဲ့လူငယ်တွေဟာပေါ်တာဆွဲဖမ်းဆီးခံရမှာကိုစိုးရိမ်ပြီး မြို့ပေါ်ကနေဘေးလွတ်ရာထွက်ပြေးနေကြတယ်လို့ စုံစမ်းသိရပါတယ်။

“ပြေးနေကြတယ်ဗျ။လောင်းလုံးမြို့ပေါ်လူငယ်တွေလက်နက်ကြီးပစ်ပြီးတာနဲ့ပေါ်တာဆွဲမှာကြောက်လို့ပြေးကုန်ကြပြီ”လို့ဒီကနေ့(သြဂုတ် ၇ ရက်)ညပိုင်းအခြေအနေကို ဒေသခံတဦးက ပြောပါတယ်။

လောင်းလုံးမြို့ပေါ်မှာ ရပ်ကွက် (၄)ခုရှိတဲ့အနက် ရပ်ကွက်အသီးသီးမှာရှိတဲ့လူငယ်အများစုဟာစစ်ကောင်စီတပ်ရဲ့ ရန်ကိုကြောက်ပြီး တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

လတ်တလော လူထုကြားမှာပြန့်နှံ့နေတဲ့သတင်းတွေအရ စစ်တပ်ဟာ စစ်မှုထမ်းသင် တန်းအတွက် ထားဝယ်ခရိုင်ကနေ သင်တန်းသား ၃၀၀ ဦးခန့် တပ်သားသစ်စုစောင်းဖို့ရှိနေတယ်လို့ ပြောဆိုနေကြသလို အခုရက်ပိုင်း ထားဝယ်မြို့ပေါ်မှာလည်း မြို့အဝင်အထွက်တွေကို ပိတ်ဆို့၍ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက် တိုက်လုပ်နေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook