Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်အအရှေ့ခြမ်း၌ စစ်ရှောင်ကားတစ်စီးကို စစ်တပ်က ဖမ်းဆီးသွား

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အအရှေ့ခြမ်း၌ စစ်ရှောင်ပြည်သူများလိုက်ပါသည့် ကားတစ်စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်နှင့် တာဝန်ရှိသူများက ပြောသည်။

ဒီးမော့ဆိုမြို့နယ်၌ စစ်ရှောင်ပြည်သူများကို ဇူလိုင်နောက်ဆုံးပတ်က တွေ့ရစဥ်။ဓာတ်ပုံ-JFK

သြဂုတ်-၉ ၊၂၀၂၅။ရဲခေါင် /Peoples Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အအရှေ့ခြမ်း၌ စစ်ရှောင်ပြည်သူများလိုက်ပါသည့် ကားတစ်စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်နှင့် တာဝန်ရှိသူများက ပြောသည်။

ယမန်နေ့(သြဂုတ် ၈ရက်)ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးဖမ်းဆီးခံရသည့်စစ်ဘေးရှောင်ပြည်သူ၁၅ဦးခန့်မှာဒီးမော့ဆိုမြို့နယ်၊ငွေတောင်ကျေးရွာအုပ်စု၊ဒေါဒူကျေးရွာမှဖြစ်ကြောင်း သိရသည်။

“စစ်ရှောင် ဟုတ်တယ်။ဒီးမော့ဆိုအရှေ့ကနေ နောက်ကိုလာတဲ့ ကားတစ်စီးကို စစ်ကောင်စီက စစ် ကြောင်းက အစောကြီးထိုးပြီး ဖမ်းမိသွားတာဖြစ်တယ်”ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းအရေးမှူး ဦးဗညားက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒီးမော့ဆိုအရှေ့ခြမ်း၌ စစ်ကောင်စီတပ်ပစ်ခတ်၍ သေဆုံးသွားရသည့် ရုပ်အလောင်းတစ်လောင်းကိုလည်း ရှာဖွေတွေ့ရှိထားကြောင်း အသိပေးသည်။

“လောလောဆယ် ဖမ်းဆီးသွားတာပဲ ကြားသေးတယ်။နောက်ဆက်တွဲ မသိရသေးဘူး။ အဲ့ရွာ(ဒေါဒူ)ရောက်ပြီ ဒီနေ့တော့ဘယ်ဖက်ထပ် ထိုးမယ်မသိသေးဘူး”ဟုကရင်နီစစ်ရှောင်အရေးကူညီနေသည့်ကိုလွှမ်းကပြော သည်။

ဒီးမော့ဆိုမြို့နယ်၊ငွေတောင်ကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ ခလရ(၁၀၂) တပ်ရင်းသည် ဩဂုတ် ၇ ရက်ကစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒေါဒူရွာသည် အဆိုပါတပ်အနီးတွင် ရှိသည်။

လွိုင်ကော်နှင့်မိုးဗြဲမြို့ကိုစစ်ကောင်စီက ပြန်ရပြီးနောက် ဇူလိုင်နောက်ဆုံး ပတ်ကစ၍ လွိုင်ကော်ဘက်မှတဆင့် ဒီးမော့ဆိုမြို့နယ်အထက်ပိုင်းသို့ စစ်ကောင်စီတပ်စစ်ကြောင်းတိုးလာ၍ဒေသခံပြည်သူတစ်သောင်းခွဲဝန်းကျင် မှာ စစ်ဘေးရှောင်နေရသည်။

ထို့အပြင်ဒီးမော့ဆိုမြို့နယ်အောက်ခြမ်းရှိဖရူဆိုမြို့နယ်စစ်တပ်အခြေစိုက်တပ်စခန်းများကို သုံးလဆက် စစ်ကောင်စီက လေကြောင်းမှ ခဲယမ်း၊ရိက္ခာအများအပြားပို့ဆောင်နေကြောင်းကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။