Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်မှာ စည်ပင်အမှိုက်ကားတစ်စီး ပျောက်ဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စည်ပင်ပိုင်အမှိုက်သိမ်းကားတစ်စီး ပျောက်ဆုံးသွားကြောင်းမြို့ခံတွေကပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ အမှိုက်ကားအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ

သြဂုတ်-၁၀၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စည်ပင်ပိုင်အမှိုက်သိမ်းကားတစ်စီး ပျောက်ဆုံးသွားကြောင်းမြို့ခံတွေကပြောပါတယ်။

မနေ့က (သြဂုတ် ၁၀)မနက်ပိုင်း ၁၀ နာရီခန့်ကမုံရွာမြို့ပေါ် အမှိုက်ပတ်သိမ်းနေတဲ့ စည်ပင်ပိုင် SKAT (အဖြူရောင်) ကားဟာ ကျောက္ကာလမ်းနဲ့ သာစည်လမ်းတဝိုက်မှာ ပျောက်ဆုံးသွားတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ကားပေါ်မှာ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေပါ ပါသွားပြီး ဆက်သွယ်လို့မရတော့ဘူးလို့ သိရပါတယ်။

“မုံရွာမှာက ပြန်ပေးဆွဲတာတွေဖြစ်နေတာကြာပြီ။ အခုဟာက အမှိုက်သိမ်းကားကို ပြန်ပေးဆွဲတာလို့လည်း ပြောနေကြတာပဲ။”လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမှိုက်ကားပျောက်တာ၂၄ နာရီကျော်သွားပေမယ့် အခုမနက်အထိ သတင်းမရသေးဘူးလို့သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မုံရွာစည်ပင်ကတော့ အမှိုက်ကားပျောက်ဆုံးသွားတာကိုဝန်ခံထားပြီး ရဲစခန်းတိုင်ထားတယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ အမှိုက်ကားကို တွေ့ရှိခဲ့ရင်လည်း ဖုန်းဆက်အကြောင်းကြားပေးဖို့ ပြည်သူ​တွေကို ပြန်ပြီး အကူအညီတောင်း​နေပါတယ်။

မုံရွာမြို့ပေါ်မှာအာဏာသိမ်းပြီးကတည်းကဓါးပြမှု၊ ပြန်ပေးဆွဲမှု၊ ခိုးဆိုးလုယက်မှုတွေသောင်းကျန်းနေပြီး မြို့ခံတွေလုံခြုံရေးအတွက်စိုးရိမ်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့​က သီတင်းကျွတ်ဘုရားကြီးပွဲလာသူအချို့ရဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုက်တွဲတွေ ပျောက်ဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။