Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို မှတ်တမ်းရယူပေးပို့ကြဖို့ နေပြည်တော်တိုင်းစစ်ဌာန တိုက်တွန်း

ပြည်သူများအနေနှင့် မိမိတို့ဒေသအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်းနေတာတွေကို မှတ်တမ်းများရယူကာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေဆီ ပေးပို့ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနက သြဂုတ် ၁၁ရက်နေ့ရက်စွဲနဲ့ အသိပေးကြေညာပါတယ်။

နေပြည်တော်တိုင်းစစ်ဌာနမှာ တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေက ကွင်းဆင်းပြီး ပြည်သူတွေကို လိုက်လံတွေ့ဆုံနေစဥ်။ ဓာတ်ပုံ - NPT/PDF

သြဂုတ်-၁၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပြည်သူများအနေနှင့် မိမိတို့ဒေသအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်းနေတာတွေကို မှတ်တမ်းများရယူကာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေဆီ ပေးပို့ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနက သြဂုတ် ၁၁ရက်နေ့ရက်စွဲနဲ့ အသိပေးကြေညာပါတယ်။

နေပြည်​တော်တိုင်းစစ်ဌာန၊ ပြည်သူလူထုလုံခြုံ​ရေးဌာနမှ ​ဒေသခံ​တော်လှန်​ရေးမဟာမိတ်များ၊ ပြည်သူ့ကာကွယ်​ရေးအဖွဲ့ဝင်တွေနဲ့ ပူး​ပေါင်းပြီး မိမိတို့ စစ်ဆင်​ရေးနယ်​မြေအတွင်း စစ်​ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အ​ရေးချိုး​ဖောက်တာတွေကို မြေပြင်ကွင်းဆင်းမှတ်တမ်းတင် စာရင်းပြုစုလျှက်ရှိတယ်လို့ ဖော်ပြပါတယ်။

အခုလို ကွင်းဆင်းမှတ်တမ်းပြုစုရာမှာ စစ်​​ကောင်စီတပ်ရဲ့ လူ့အခွင့်အ​ရေးချိုး​ဖောက်မှုတွေကြောင့် ​နေရပ်စွန့်ခွာထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ စစ်​ဘေး​ရှောင်ပြည်သူတွေနဲ့ တွေ့ဆုံကာ အ​ရေး​ပေါ်လိုအပ်လျှက်ရှိ​တဲ့ လူသားခြင်းစာနာ​ထောက်ထားမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံး ကူညီပံ့ပိုး​ပေးနိုင်​ရေး သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်​ဆောင်ရွက်လျှက်ရှိ​တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

“ပြီးခဲ့​သော ဇူလိုင် ၃ရက်​နေ့ ကျွန်​တော်တို့စစ်ဆင်​ရေးနယ်​မြေအတွင်းရှိ ​ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်မှ အင်အားအလုံးအရင်းနဲ့ စစ်​ကြောင်းထိုးပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်စီးခဲ့ပါတယ်။ ဒါဟာ အကြမ်း ဖက်စစ်​ကောင်စီတပ်ရဲ့ အရပ်သားပြည်သူများအ​ပေါ် ကျုးလွန်တဲ့ လူ့အခွင့်​အ​ရေးချိုး​ဖောက်မှု စစ်ရာဝတ်မှုကျူးလွန်ခြင်း ဖြစ်တယ်ဗျ”လို့ လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ ကျေးရွာတစ်ရွာနဲ့ပတ်သက်ပြီး နေပြည်တော်တိုင်းစစ်ဌာန၊ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ ဝန်ခံနဲ့ ပြည်သူ့လုံခြုံရေးဌာန ဌာနမှူး ဒေါက်တာဂျိုးဇက်က People’s Spring ကို ပြောပါတယ်။

စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားတဲ့ဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ရေးလှုပ်ရှားခွင်တွေထဲက တစ်ခုဖြစ်တဲ့ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ စစ်တောင်းမြစ်ဝှမ်း(ရေတာရှည်)စစ်ဆင် ရေးနယ်မြေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီစစ် ကြောင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တရက်လုံးနီးပါးတိုက်ခိုက်ခဲ့တာကြောင့် စစ် တပ်ဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။

ဒါ့အပြင် နေပြည်တော်တိုင်းစစ်ဌာန လက် အောက်ခံ တော်လှန်ရေးရဲဘော်အချို့ စစ်ရေးနယ်မြေတစ်ခုမှာ စစ်ကောင်စီတပ်ရဲ့ လက်ရ ဖမ်းဆီးတာခံရစဥ် စစ်သုံ့ပန်းဥပဒေအရ မကိုင်တွယ်ဘဲ နှိပ်စက်သတ်ဖြတ်ခဲ့သလို၊ ​အရပ် သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်း ကနေဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်သတ်ဖြတ်မှုတွေလုပ် ဆောင်နေတာဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ရှင်သန်ရပ်တည်နေထိုင်ခွင့်ကို ချိုးဖောက်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

​”ကျွန်​တော်တို့စစ်ဆင်​ရေးနယ်​မြေ​တွေအတွင်းရှိ ​ကျေးရွာ​တွေမှ လူငယ်လူရွယ်များကို အတင်း အကြပ်ဖိအား​​ပေး စစ်မှုထမ်းခိုင်း​စေခြင်း၊ ​ပေါ်တာစွဲဖမ်းဆီးခြင်း၊ ​အိမ်တိုင်းအိမ်တိုင်းကိုလည်း စစ်မှုထမ်း​ကြေးဆိုပြီး ​ခေါင်းစဥ်တပ်ကာ မထည့်မ​နေရငွေ​ကြေး လစဥ်ကောက်ခံ​နေခြင်း​တွေဟာ​ ILO article 33 ကိုလည်း ချိုး​ဖောက်ရာဖြစ်သလို လူ့အခွင့်အ​ရေးကိုလည်း ဥပ​ဒေမဲ့ ကျူးလွန်​​ဖောက်ဖျက်နေခြင်းဖြစ်ပါတယ်”လို့ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဒေါက်တာဂျိုးဇက်က မှတ်ချက် ပေးပါတယ်။

စစ်ကောင်စီတပ်ရဲ့ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ​တဲ့ ပြည်သူနေအိမ်တွေ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၊ ​လေ​ကြောင်းတိုက်ခိုက်မှု​တွေနဲ့ အခြားစစ်ရာဇဝတ်မှုတွေ ကျူးလွန်တာ၊ လူ့အခွင့်အ​ရေးချိုး​ဖောက်ခြင်း​တွေကို ​မှတ်တမ်းတင်စာရင်းပြုစုပြီး ​ပေးပို့ချိတ်ဆက်သင့်​သောဌာန အဖွဲ့အစည်းအသီးသီးဆီကို​ပေးပို့ကာ အမိန့်​ပေး​စေခိုင်းသူ၊ ကျူးလွန်သူ၊ ပူး​ပေါင်းပါဝင်သူများအားလုံးကို ယခု​ရော နောင်​ရော အရင်ကဟာ​တွေပါ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရ​စေဘဲ ထိုက်သင့်​တဲ့ ပြစ်ဒဏ်ချမှတ်စီရင်နိုင်​ရေး တတ်စွမ်းသမျှ တာဝန်ရှိသမျှ ကြိုးစား​နေတယ်လို့ အသိပေးပါတယ်။

“​​စစ်​ကောင်စီတပ်​တွေရဲ့ စစ်ရာဇဝတ်မှုကျုးလွန်ခြင်း​တွေ၊ လူ့အခွင့်အ​ရေးချိုး​ဖောက်ခြင်း​တွေကို တတ်နိုင်သမျှ (အထူးသဖြင့် ဖုန်းကင်မရာများဖြင့်) မှတ်တမ်းတင်ပြုစု​ပေးပြီး သက်ဆိုင် ရာ သတင်းဌာန​များ၊ လူ့အခွင့်အ​ရေးအဖွဲ့အ စည်းများသို့ ​ပေးပို့​စေချင်ကြောင်းလည်း သ တင်းပါးလိုပါတယ်”လို့ ဒေါက်တာဂျိုးဇက်က တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူလူထုကို သတင်းစကားပါး ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။