Connect with us

Hi, what are you looking for?

သတင်း

ကြို့ပင်ကောက်နဲ့ အုတ်ဖိုမြို့နယ်အစပ်က ကျေးရွာတွေကို စစ်တပ်က ပစ်ခတ်နေ

ပဲခူးတိုင်း၊ကြို့ပင်ကောက်နဲ့အုတ်ဖိုမြို့နယ်အစပ်ကကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန် လက်နက်ကြီးတွေနဲ့ပစ်တာ၊ ဒရုန်းအသုံးပြု ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

ကြို့ပင်ကောက်နယ်၊ သရင်းကုန်းရွာမှ နေအိမ်တစ်လုံး စစ်တပ်ရဲ့ ဒရုန်းဗုံးထိမှန်၍ ပျက်စီးနေစဥ်။ဓာတ်ပုံ - CJ

သြဂုတ်−၂၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ကြို့ပင်ကောက်နဲ့အုတ်ဖိုမြို့နယ်အစပ်ကကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန် လက်နက်ကြီးတွေနဲ့ပစ်တာ၊ ဒရုန်းအသုံးပြု ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

အဲဒီပစ်ခတ်ဗုံးကြဲမှုတွေကို အုတ်ဖိုမြို့နယ်၊ အလယ်ကုန်းရွာရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်နေတာဖြစ်ပြီး အခုရက်ပိုင်းမှ အဲဒီစခန်းကို အင်အားထပ်ဖြည့်တာတွေလုပ်နေပြီး စစ်ကြောင်းထိုးဖို့ ပြင်နေတယ်လို့ ရင်းမြစ်တွေက ပြောပါတယ်။

ကြို့ပင်ကောက်နယ်၊ သရင်းကုန်းရွာမှ နေအိမ်တစ်လုံး စစ်တပ်ရဲ့ ဒရုန်းဗုံးထိမှန်၍ ပျက်စီးနေစဥ်။ဓာတ်ပုံ – CJ

“ရွာတွေကို ဝင်မွှေတာမျိုးတော့ မဟုတ်ဘူး။ သူတို့အထိုင်ချထားတဲ့ နေရာက လက်နက်ကြီး၊ဒရုန်းနဲ့ လိုက်ပစ်နေတာ”လို့ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်ဗုံးကြဲတာတွေနဲ့ပတ်သက်ပြီး မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ဗုံးကြဲမှုတွေထဲမှာ သြဂုတ် ၂၀ ရက် ည ၈နာရီလောက်က ကြို့ပင်ကောက်နယ်၊ သရင်းကုန်း(ဒေသအခေါ် သရက်ကုန်း)ရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်ပေါ် ဗုံးသီးကျပြီး အမျိုးသားတဦး၊ အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကြို့ပင်ကောက်မြို့နယ်ထဲက သရင်းကုန်းကျေးရွာအပါအဝင် မြို့ကိုင်းနဲ့ အေးရွာလေးရွာတွေကိုလည်း အလယ်ကုန်းစခန်းမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ သိရပါတယ်။

အလားတူ အုတ်ဖိုမြို့နယ်ထဲမှာဆိုရင်လည်း အလယ်ကုန်းစခန်းနဲ့ အနီးဝန်းကျင်မှာရှိတဲ့ ရွာတွေထဲက ကြို့ကိုးပင်၊ ကျွဲဖြူမ၊ ကိုင်းကြီးနဲ့ ကွေ့ချောင်းကြီးရွာတွေကို လက်နက်ကြီးအပါ အဝင် ဒရုန်းအသုံးပြု ဗုံးကြဲတာတွေရှိနေပြီး ထိခိုက်ပျက်စီးမှုအခြေအနေအပြည့်အစုံကို မသိရသေးပါဘူး။

“ည(သြဂုတ် ၂၁ ရက်)ကတော့ တစ်ချက်ပဲ ပစ်တယ်ဗျ။ ဒေသခံတွေကတော့ ကြောက်လန့်နေကြတာပေါ့”လို့ အုတ်ဖိုမြို့နယ်ထဲကရွာတချို့ကို စစ်တပ်က လက်နက်ကြီးတွေပစ်ခတ်တာနဲ့ပတ် သက်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ရှင်းပြပါတယ်။

အခုလက်ရှိမှာ စစ်ကောင်စီဘက်က အလယ်ကုန်းရဲစခန်းဘက် အင်အားထပ်ဖြည့်နေသလို စစ်ရေးအခြအနေအရ နေရာအတိအကျပြောဆိုရန် မသင့်သေးသော်လည်း အထိုင်စခန်းတချို့မှာ အင်အားတွေထပ်ဖြည့်နေပြီး ပဲခူးရိုမဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ထဲမှာလည်း သြဂုတ် ၁၉ ရက်က စစ် တပ်က ပါရာမော်တာတွေနဲ့ ရွာတွေကိုဗုံးကြဲလို့ ကျောက်ပြင်သာရွာမှ သားအဖနှစ်ဦး ဗုံးထိမှန်သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook