Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ပေါက်မြို့နယ်ကိုဗုံးကြဲအရပ်သားငါးဦး သေဆုံး

မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ရာ ကလေးငယ်တဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

ဆယ်ဝရွာလေကြောင်းတိုက်ခိုက်မှုအပြီးတွေ့ရစဥ်။ ဓာတ်ပုံ - Saw Gyi

သြဂုတ်-၂၃၊ ၂၀၂၅။တာရာ /People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ရာ ကလေးငယ်တဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

မနေ့က(သြဂုတ် ၂၂ ရက်)နေ့လယ် ၁နာရီခန့်က စစ်ကောင်စီဟာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ပေါက်မြို့နယ်အရှေ့ဘက်ခြမ်းက ဆယ်ဝရွာကို ဗုံးကြဲခဲ့တာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆယ်ဝရွာလေကြောင်းတိုက်ခိုက်မှုအပြီးတွေ့ရစဥ်။ ဓာတ်ပုံ – Saw Gyi

သေဆုံးတဲ့ ဒေသခံပြည်သူငါးဦးမှာ ကလေးငယ်တစ်ဦးပါဝင်ပြီး ဒဏ်ရာရသူလည်း ၁၀ဦးဝန်းကျင်ရှိတယ်လို့ ပေါက်ဒေသခံ ကိုစောကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရွာထိပ်တွေနဲ့ ရွာလယ်ဝန်းကျင်တွေကိုကြဲချခဲ့တာ။ဒဏ်ရာရ၁၀ဦးထဲမှာ ခြောက်ဦးကကတော့ ဒဏ်ရာများတယ်။ပေါက်မြို့နယ်အရှေ့ခြမ်း ဆယ်ဝကျေးရွာဆိုတာက ရွာငယ်လေးပါ တကယ်ကို ဆင်းရဲ့ချို့တဲ့လွန်းတဲ့ရွာလေးပါ ။အဲလိုရွာငယ်လေးကိုတောင် အကြမ်းဖက်စစ်တပ်ကလေယာဥ်နဲ့ အကြိမ်ကြိမ်ပစ်တယ် ။ဘာတိုက်ပွဲမှမရှိဘူး”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပေါက်မြို့နယ်အရှေ့ဘက်ခြမ်းက ရေယာဥ်ရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ကျော် ပျက်စီးထားတယ်လို့လည်း ပေါက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အခုနှစ် မေလနောက်ဆုံးပတ်မှာ ပခုက္ကူမြို့အခြေစိုက်တဲ့ တပ်မ(၁၀၁)ကနေ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ပေါက် မြို့နယ်ကို သုံးလအတွင်း စစ်ကောင်စီဟာ လေကြောင်းကအနေ ရာနဲ့ချီဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကနေ ပေါက်မြို့နယ်က အရပ်သား ၂၀ကျော်သေဆုံးထားပြီး စာရင်းအချက်အလက်အတိအကျကို ပြုစုနေတယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

Facebook