Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ လက်နက် ၁၀လက်ရဟု အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြီး လက်နက် ၁၀လက်၊ ရုပ်အလောင်းသုံးလောင်းနှင့် စစ်သုံ့ပန်း ၁ဦး ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်တိုက်ပွဲအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ − အမှတ်-၁ စစ်ဒေသ

ဩဂုတ်−၂၄၊ ၂၀၂၅။ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြီး လက်နက် ၁၀လက်၊ ရုပ်အလောင်းသုံးလောင်းနှင့် စစ်သုံ့ပန်း ၁ဦး ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ဩဂုတ် ၆ရက်မှ ၁၅ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ တတက-၁၀တပ်ရင်းမှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီးထွန်းလင်းသူနှင့် စကခ-၁၀ လက်အောက်ခံ ခမရ-၃၆၃ တပ်ရင်းမှ ဗိုလ်ကြီး ၀င်းမင်းစိုးတို့ဦးစီးသည့် ခန့်မှန်းအင်အား ၁၂၀ကျော်ပါသော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲများမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း သေဆုံးသူများတွင် စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းထားသော ဟိန္ဒူ ဂေါ်ရခါးလူမျိုး စစ်မှုထမ်းစစ်သားများလည်း ပါဝင်သည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းရသည့် လက်နက်ခဲယမ်းများကိုလည်းမှတ်တမ်းဓာတ်ပုံဖြင့်ဖော်ပြ ခဲ့သည်။ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများမှာ MG-42 (၁) လက်၊ BA-100 (၁) လက်၊ MA-4 (၁)လက်၊ MA-E (၂)လက်၊ MA-1 (၂)လက်၊ MA-3 (၂) လက်၊ G-3 (၁)လက်၊ MG-42 ပြောင်းပို (၂)ခု၊ RPG ဒုံးသီး (၅)ခု ၊ ကျည်ဘောက်မျိုးစုံ (၂၄)ခု ၊ ၄၀ မမ ဗုံးသီး (၁၂)လုံး၊ ကျည်ဆံနှင့်မိုင်းဖြစ် ဖြစ်သည်ဟု အသိပေးသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အမှတ် (၅)အထူးလှုပ်ရှား တပ်ရင်း၊ အမှတ် (၆)အထူးလှုပ်ရှား တပ်ရင်း၊ ကလေးခရိုင် အမှတ် (၄) တပ်ရင်း၊ ကလေးခရိုင် အထူးစစ်ကြောင်း (PDF + ပကဖ)၊ ကလေးမြိုနယ် ပကဖ၊ ကလေးဝမြိုနယ် ပကဖ၊ မင်းကင်းမြိုနယ် ပကဖ၊ PDF Zoland-Drone Team တို ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ယခု ပူးပေါင်းတပ်တွင် ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းမှ ဒရုန်းတပ်ဖွဲ့လည်း ပါဝင်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ ချင်းပြည်နယ် မတူပီ၊ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားသည့် ချင်းညီနောင်သည် ချင်းပြည်အတွင်းသာမက နယ်မြေချင်းစပ်ဆက်နေသည့် စစ်ကိုင်း၊ မကွေး စစ်ဆင်ရေးများ၌လည်း ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook