Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဗျူဟာကုန်းမှပစ်သည့်လက်နက်ကြီးကျည်အရပ်သားလေးဦးထိမှန်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများနေထိုင်ရာ ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ အရပ်သားလေးဦး ထိမှန်ဒဏ်ရာရခဲ့သည်။

၂၀၂၅ မေ ၂၉ ရက်က ဖားကန့်မြို့အတွင်း ဝင်ရောက်လာသော စစ်ကြောင်းမှ စစ်သားတချို့။ဓာတ်ပုံ- Tarlin mg

ဩဂုတ်-၂၇၊၂၀၂၅။ ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများနေထိုင်ရာ ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ အရပ်သားလေးဦး ထိမှန်ဒဏ်ရာရခဲ့သည်။

ယမန်နေ့ည(ဩဂုတ် ၂၆ရက်)၁၂နာရီခွဲခန့်တွင် ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ဆွတ်အိန်ယာန်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

“ထိသွားတာက အမျိုးသမီးသုံးယောက်နဲ့အမျိုးသားတစ်ယောက်။ အကုန်လုံးဒဏ်ရာပြင်းထန်တယ်။ အစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်။ နောက်ပြီး လက်နက်ကြီးက ဒီနေ့မနက် အထိပစ်နေသေးတယ်”ဟု အဆိုပါ ဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်တွင် အမှိုက်ပုံ‌ကျေးရွာ၊ ရှရော်ခကျေးရွာ၊ မှော်မောင်းကုန်းကျေးရွာ၊ မှော်မောင်းလယန်ကျေးရွာတို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်နီးပါးတိုက်ပွဲဆက်ဖြစ် နေပြီး ယင်းနေရာများကို ဦးတည်၍ စစ်ကောင်စီတပ်က အင်အားဖြည့်နေသည်။

အင်အား ၁၀၀ကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် အထက်ပါကျေးရွာများသို့ လုံးခင်း-ဖားကန့်လမ်းအတိုင်း အင်အားဖြည့်နေခြင်းဖြစ်သည်။

ထို့အပြင် ကချင်ဒေသကာကွယ်ရေးတပ်(KPDF)​၏ ယူနီဖောင်းများဖြင့် စစ်ရေးလှုပ်ရှားနေ၍ သတိပြုကြရန် KIA၊KPDFက သတိပေးထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ရက်က စစ်ကြောင်းထွက်လာစဉ် ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ ပန်းတင်တံတားနှင့် ဈေးအနီးတွင် သေနတ်ဖြင့် ပစ်ခတ်သွားရာ ဈေးသည်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။

အဆိုပါ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးသုံးထားပြီး ဆေးကြောင်နေသည်ဟု သံသယရှိကြောင်း ၎င်းတို့အား တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

ဩဂုတ်၂၃ရက်တွင် KIA၊KPDFက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်​၏ ကားတစ်စီးနှင့်ဒရုန်းငါးစင်း သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်ဇွန်လက ကာမိုင်း – လုံခင်းလမ်းအတိုင်းဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖားကန့်မြို့ကို ရောက်ရှိပြီးနောက် တိုက်ပွဲပြင်းထန်နေစဉ် ဩဂုတ်လဆန်းပိုင်းတွင် နောက်ထပ်စစ်ကြောင်း ထပ်မံဝင်ရောက်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်စစ်ကြောင်းနှင့်အတူ ပါဝင်လာသည့် စစ်မှုထမ်းသင်တန်း ဆင်းတပ်သားသစ်များနှင့် ရှမ်းနီ(SNA)တပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက ကြိုဆိုနေမည်ဖြစ်ကြောင်း ထောက်ပံ့ဂုဏ်ပြုမည်ဖြစ်ကြောင်း KPDF ရဲဘော်များက ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။