Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့အခြေစိုက် ခမရ(၅၉၁)တပ်ရင်းမှ တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ (၅၉၁)တပ်ရင်းမှ တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ နည်းဗျူဟာ(၃၃)၊ ဒေါနစစ် ကြောင်း(၂)၊ ရေးပြောက်ကျားတပ်(YGF)ထံ အလင်းဝင်ရောက်လာတယ်လို့ YGF မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အလင်းဝင်လာသူ တပ်သားစဖြိုးသန့်အား ဆုငွေပေးအပ်နေစဉ်။ ဓာတ်ပုံ − ရေးပြောက်ကျားတပ်

သြဂုတ် – ၂၈၊ ၂၀၂၅။ ကျော်ဇော၊ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ (၅၉၁)တပ်ရင်းမှ တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ နည်းဗျူဟာ(၃၃)၊ ဒေါနစစ် ကြောင်း(၂)၊ ရေးပြောက်ကျားတပ်(YGF)ထံ အလင်းဝင်ရောက်လာတယ်လို့ YGF မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရေးမြို့နယ်၊ ကျောင်းရွာစံပြကျေးရွာမှာရှိတဲ့ ခမရ(၅၉၁)တပ်ရင်းမှ တပ်သား စအောင်ဖြိုးသန့်ဟာ YGF တပ်ဖွဲ့ထံ သြဂုတ် ၂၈ ရက်မှာ ဆက်သွယ်အလင်းဝင်ရောက်လာတာလို့ သိရပါတယ်။

“(တပ်ဖွဲ့ထံ)တိုက်ရိုက်ဆက်သွယ်ပြီး ဝင်လာတာပါဗျ။ ကျနော်တို့တပ်ဖွဲ့က ဆုကြေးငွေးချီးမြှင့်ပေးသွားဖို့ ရှိပါတယ်။လက်ရှိမှာသူ့အနေနဲ့ တော်လှန် ရေးတပ်ဖွဲ့ထဲဝင်မလား နေရပ်ပြန်မလားဆိုတာ စဥ်းစားနေတုန်းပါ”လို့ အလင်းဝင်တပ်သားနဲ့ပတ်သက်ပြီး ရေးပြောက်ကျားတပ် (YGF)မှ တာဝန်ရှိသူတဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ အတင်းအဓ္ဓမတပ်သားစုဆောင်းခြင်းကိုခံရပြီး စစ်မှုထမ်းသင်တန်းအပတ်စဥ် (၉)တက်ရောက်ခဲ့တဲ့ တပ်သားစအောင်ဖြိုးသန့်ဟာ ၎င်းနဲ့အတူMA4(၁)လက်၊ ကျည်ဘောက် (၂)ဘောက်နှင့် ကျည်(၂၅)တောင့်တို့ ယူဆောင်ပြီး အလင်းဝင်လာတာဖြစ်တယ်လို့ YGF က အသိပေးပါတယ်။

အဲဒီတပ်သားသစ်နဲ့ပတ်သက်ပြီး ဒေါနစစ် ကြောင်း(၂)၊ စစ်ကြောင်းမှူးရဲဘော်ဗိုလ်ကျန်ရစ်မှ အချိန်မှီပြည်သူဘက်သို့ ကူးပြောင်းလာတဲ့အတွက် နွေးထွေးပျူငှာစွာ ကြိုဆိုကြောင်းနှင့် စစ်ကောင်စီဘက်၌ကျန်ရှိနေသော သူများလည်း အချိန်မှီပြည်သူဘက်သို့ ကူးပြောင်းကြပြီး စစ်အာဏာရှင်ကိုတွန်းလှန်ကြဖို့ အသိပေးပြောကြားထားပါတယ်။

ဒါကြောင့်အချိန်မီအလင်းဝင်ရောက်လိုသူများအနေဖြင့် ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက် ကျားတပ်(YGF)နှင့် နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းများကို ရရာနည်းဖြင့် အမြန်ဆုံးချိတ် ဆက်ကာ ပြည်သူဘက်သို့ အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။

“ပြည်သူတွေအနေနဲ့ တိုက်ပွဲသတင်းတွေကိုစုံစမ်းပြီးတော့ အသွားအလာရှောင်ရှားပေးကြပါ။ စစ်ကောင်စီနဲ့လည် ရှောင်ပြီးတော့ နေပေးကြပါ”လို့ YGF မှ တာဝန်ရှိသူက ပြည်သူထံ သတင်းစကားပါးပါတယ်။

အခုနောက်ဆုံး အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်မှ တပ်သား စအောင်ဖြိုးသန့်အပါအဝင် ရေးပြောက်ကျားတပ်ဖွဲ့(YGF)ထံ ဆက်သွယ်အလင်း ဝင်လာတဲ့တပ်သား ခုနစ်ဦးရှိပြီ ဖြစ်ပါတယ်။

“ပြည်သူ့ဘက်ကို ရပ်တည်ပြီး အမှန်တရားအတွက် အမြန်ဆုံး ရပ်တည်ကြပါလို့ တိုက်တွန်းလိုပါတယ်”လို့ ဒေါနစစ်ကြောင်း(၂)တာဝန်ရှိသူတဦးက စစ်ကောင်စီတပ်တွင်း ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီးဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းသုံးလောင်းကိုဒီနေ့ (မေလ ၁၄ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့လူမူကူ ညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို နေရာနှစ်ခုမှာတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်အရာရှိ အပါအဝင် ၃ဦး သေဆုံးခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။