Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်၊ပြည်တွင်းရွှေစျေးလည်းဆက်တက်နေ

ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်ကာ ပြည်တွင်းရွှေစျေးလည်း ဆက်မြင့်တက်နေကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောသည်။

စက်တင်ဘာ ၃၊၂၀၂၅။ဇော်ဝင်း /People’s Spring

ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်ကာ ပြည်တွင်းရွှေစျေးလည်း ဆက်မြင့်တက်နေကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောသည်။

ယနေ့(စက်တင်ဘာ ၃ ရက်)နေ့လယ်ပိုင်းကမ္ဘာ့ရွှေစျေးသည်တစ်အောင်စ ဒေါ်လာ ၃,၅၃၈ စျေးဖြင့် စံချိန်တင်ထားပြီး သမိုင်းတလျှောက်အမြင့်ဆုံးစျေးဟု သိရသည်။

ထို့အပြင်မြန်မာနိုင်ငံ၏ပြင်ပရွှေစျေးကွက်တွင် ၁၆ ပဲရည် တစ်ကျပ်သား မှာ ကျပ်၇၉ သိန်းဝန်းကျင်နှင့်၁၅ ပဲရည်စျေးသည်ကျပ် ၇၄သိန်း ဝန်းကျင်ဖြင့် အရောင်းအဝယ်ရှိနေကြောင်း ရွှေစျေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသူအချို့က ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့က မနေ့ကထက် တစ်ကျပ်သား တစ်သိန်း ခွဲလောက်ပိုတက်လာတယ်။ကမ္ဘာ့ ရွှေစျေးကတော့ တော်တော်ကြီးကို အလှုပ်ခတ်ဖြစ်နေတာ။ဒါပေမယ့် ပြည်တွင်းရွှေက စျေးသိပ်မလိုက်သေးဘူး ပြောရမယ်။ပုံမှန်ဆို သိန်း ၈၀ ကျော် စျေးတန်းတက်ရမှာ”ဟု ပြည်တွင်းရွှေစျေးကွက်တွင် အရောင်း အဝယ်ပြုလုပ် နေသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

လက်ရှိ ကမ္ဘာ့ရွှေစျေးအခြေအနေကြောင့် ရွှေဆိုင်များ၏ စျေးသတ်မှတ်မှု နှင့် ပြင်ပရွှေ အရောင်း၊အဝယ်စျေးကို သတိပြုရန်လည်း ရွှေစျေးကွက်စောင့်ကြည်သူတဦးက တိုက်တွန်းသည်။

.”ထရမ့်မိန့်ခွန်းနဲ့ဘဏ်အတိုးနှုန်းကိစ္စကြောင့်ကမ္ဘာ့ရွှေစျေးက ဆက်တိုက်တက်နေတာ။စျေးတန်း အမြင့်ဘက်ဆက်သွားနိုင်တယ်။ဒါပေမယ့် စိတ်မလောဘဲ အရောင်းအဝယ်လုပ်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

ပြည်တွင်း၌ ရွှေချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင်စ ရှိကာ (ယနေ့ကမ္ဘာ့ရွှေပေါက်စျေး တစ်ဒေါ်လာငွေလဲနှုန်း ၀ ဒသမ ၅၂၅ )ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေစျေးရရှိမည် ဖြစ်သည်။

စစ်ကောင်စီ၏ ရွှေလုပ်ငန်းရှင်အသင်း၏ ၁၆ပဲရည် တကျပ်သားသီးခြားသတ်မှတ်စျေးမှာ ၅,၉၃၀ ,၀၀၀ ကျပ်သာ ဖြစ်သည်။

ထိုစျေးဖြင့် ရွှေဆိုင်များကို ရောင်းဝယ်ရန်သတ်မှတ်ထားပြီး မလိုက်နာပါက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူကာ ထောင်ဒဏ် အနည်းဆုံး ၆လမှ ၃နှစ်အထိ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။

သို့သော်စစ်ကောင်စီသတ်မှတ်စျေးဖြင့်ရွှေဆိုင်များကအရောင်းအဝယ် မပြုလုပ်ကြပေ။

ပြည်တွင်းနိုင်ငံ ခြားငွေလဲနှုန်းစျေးကွက်၌မူ စျေးတည်ငြိမ်နေပြီး တဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ကျပ် ၄,၂၅၀ နှင့် အရောင်း ကျပ် ၄,၃၁၀ ဝန်းကျင် ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်ရွှေအသင်းဥက္ကဌနဲ့ အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး နှစ်ဦးကို စစ်​ကောင်စီက ဖမ်းဆီးပြီးနောက် ရွှေဆိုင်အများစု အရောင်းအဝယ်ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်​အောင်ရွှေတုံးရွှေခဲ​တွေကို ဝယ်ယူဖြန့်ဖြူးရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်အပါအဝင် အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး သုံးဦးကို စစ်​ကောင်စီကဖမ်းဆီး ထားပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေး စံချိန်တင်ပြီး ပြည်တွင်း ရွှေစျေးလည်းဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့​ရွှေ တရှိန်ထိုးတက်နေပြီး ပြည်တွင်း ရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက်ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။