Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံမြို့နယ်မှာ လူငယ်တဦး ကြိုးဆွဲချသေဆုံး

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် (၃၇)ရပ်ကွက်မှာ အသက်(၃၀)ခန့်အရွယ် အမျိုးသားတဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအဖွဲ့ဝင်အချို့က ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သယ်ယူနေစဉ်။ ဓာတ်ပုံ - ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအဖွဲ့

စက်တင်ဘာ-၉၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် (၃၇)ရပ်ကွက်မှာ အသက်(၃၀)ခန့်အရွယ် အမျိုးသားတဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအဖွဲ့ဝင်အချို့က ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို သစ်ပင်တစ်ခုရဲ့ ပေ ၅၀အမြင့်ကနေ ဒေသခံတွေက တွေ့ရှိလို့ ဒီကနေ့(စက်တင်ဘာ ၉ ရက်) မနက်ပိုင်းမှာသွား ရောက် သယ်ဆောင်ခဲ့ရတာလို့ ဆိုပါတယ်။

“ကျွန်တော်တို့သွားကြည့်တော့ သေတဲ့သူက လူငယ်ပဲ။အသက် ၃၀ မပြည့်တပြည့်လောက်ပဲရှိမယ်ထင် တယ်။သူပုံစံကြည့်ရတာတော်တော့်ကို စိတ်ဒဏ်ရာကြီးမယ့်ပုံ။သစ်ပင်ရဲ့အမြင့်ဆုံးထိတက်ပြီး ရိုးရိုးကြိုးနဲ့တောင်မဟုတ်ဘူး။WiFi သွယ်တဲ့ ကြိုးနဲ့ကို သတ်​သေသွားတာ”လို့ မြောက်ဒဂုံ (၃၇)ရပ်ကွက် နေသူတဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ ရုပ်အလောင်းကို တွေ့ရှိချိန်နဲ့ ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားချိန်ကြားမှာ ၈ နာရီဝန်းကျင် ကွာဟနိုင်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့လူငယ်က (၃၇)ရပ်ကွက်မှာနေထိုင်သူ ဟုတ်၊မဟုတ်နဲ့ သေဆုံးသွားရတဲ့အကြောင်းအရင်းတွေကို အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် လူငယ်၊လူလတ်ပိုင်းတွေ ကိုယ့်ကိုကိုယ်သတ်သေတာတွေ များလာတယ်လို့လည်း ဒီကနေ့ ရုပ်အလောင်း သယ်ယူခဲ့သူတဦးက ဆိုပါတယ်။

“ဒီတစ်နှစ်ထဲမှာကို လေးလောင်းရှိပြီ။မြောက်ဒဂုံမှာ။သုံးယောက်လောက်က လူငယ်လူလတ်ပိုင်းတွေ”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်ဝန်းကျင်ကလည်း မင်္ဂလာတောင်ညွှန့်နဲ့ ဒေါပုံမြို့နယ်ကို ချိတ်ဆက်ထားတဲ့ ဂျပန်တံတားပေါ်ကနေ အသက်(၃၀)အရွယ် အမျိုးသမီး တဦး ခုန်ချသတ်သေတာဖြစ်ပွားခဲ့ပါတယ်။အဲဒီဖြစ်စဥ်မှာ ချက်ချင်း ကယ်ဆယ်နိုင်ခဲ့သူတွေရှိလို့ ခုန်ချခဲ့တဲ့အမျိုးသမီး အသက်မသေခဲ့ပါဘူး။

၂၀၂၂နောက်ပိုင်း ရန်ကုန်မြို့မှာ ကိုယ့်ကိုကိုယ် သတ်သေတဲ့ဖြစ်စဥ်တွေ များလာတယ်လို့ လည်း လူမှုကူညီရေး အသင်းအဖွဲ့ဝင်တွေက ပြောထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။

Facebook