Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေက မော်လိုက်က ပျူစခန်း သုံးခုကို​ထပ်မံသိမ်းပိုက်

စစ်ကိုင်းတိုင်း ၊ ​မော်လိုက်မြို့နယ်က စစ်တပ် နဲ့ပျူ​စောထီး​တွေပူး​ပေါင်းတပ်ထိုင်ထားတဲ့ ​ထော်သာပျူစခန်း၊ ​တောင်းအင်ပျူစခန်း​တွေကို ​တော်လှန်​ရေးတပ်​တွေကသိမ်းပိုက်ပြီး​နောက် စက်တင်ဘာလ ဒုတိယပါတ်မှာ ပျူ​​စောထီးစခန်းသုံးခုကိုထပ်မံသိမ်းပိုက်ခဲ့တယ်လို့ တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ် ။

​တောင်းအင်ပျူစခန်း နဲ့ ရွာသစ်စခန်း ၊နားပင်စခန်း၊နောင်ပိန်းစခန်း​ပျူစခန်း​တွေကို PDF​တွေက သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-supplied

သြဂုတ်-၁၉၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း ၊ ​မော်လိုက်မြို့နယ်က စစ်တပ် နဲ့ပျူ​စောထီး​တွေပူး​ပေါင်းတပ်ထိုင်ထားတဲ့ ​ထော်သာပျူစခန်း၊ ​တောင်းအင်ပျူစခန်း​တွေကို ​တော်လှန်​ရေးတပ်​တွေကသိမ်းပိုက်ပြီး​နောက် စက်တင်ဘာလ ဒုတိယပါတ်မှာ ပျူ​​စောထီးစခန်းသုံးခုကိုထပ်မံသိမ်းပိုက်ခဲ့တယ်လို့ တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ် ။

​မောလိုက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ပျူ ပူး​ပေါင်းစခန်းထိုင်တဲ့ ပထမဆုံးစခန်းဖြစ်သလို အခိုင်အမာတည်​ဆောက်ထားတဲ့ ​ထော်သာစခန်းကို သြဂုတ်လ ၁၅ ရက်မှာသိမ်းပိုက်ခဲ့သလို ၊​တောင်းအင်ပျူ​စောထီးစခန်းကိုလည်းစက်တင်ဘာ ၁ ရက်ညမှာတော်လှန်​ရေးတပ်​တွေက ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့တာပါ။

​ထော်သာစခန်းသိမ်းတိုက်ပွဲမှာ လက်နက်မျိုးစုံ ၂၀ ​ကျော် ၊စစ်တပ်လက်​အောက်ခံ ပျူ​စောထီး ၇၀ ​ကျော်နဲ့ သူတို့ရဲ့ မိသားစုဝင်​တွေက ၁၅၀ ​ကျော်ကိုပါဖမ်းဆီးရရှိခဲ့တယ်လို့ NUG ကာကွယ်​ရေးဝန်ကြီးဌာနက​ဖော်ပြပါတယ် ။ ​

Public Service Announcement

Public Service Announcement

ခန့်မှန်းအင်အား ၁၀၀ ​ကျော်ရှိတဲ့ ​တောင်းအင်ပျူ​စောထီးစခန်းက စစ်သားနဲ့ပျူ​တွေဟာ အနီးပါတ်ဝန်းကျင်က ပျူစခန်းအ​သေး​တွေ၊ကာကင်း​တွေကို PDF ​တွေကတိုက်ခိုက်ပြီးချိန်မှာ စခန်းကိုလာတိုက်မှာသိလို့ ထွက်​ပြေးကြပါတယ် ။ထွက်​ပြေးတဲ့ စစ်သားနဲ့ ပျူ​တွေကို PDF ​တွေကလိုက်လံတိုက်ခိုက်တာမှာ စစ်သားနဲ့ ပျူ​တွေ​သေဆုံးဒဏ်ရာရပြီးလက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ PDF တဦးက​ပြောပါတယ် ။

​ထော်သာပျူစခန်းနဲ့ ​တောင်းအင်ပျူစခန်းတို့ဟာ ၄၊၅ မိုင်ပဲ​ဝေးပြီး ​ထော်သာစခန်းတိုက်ခိုက်ခံရချိန် ​မော်လိုက်က စစ်ကူလာတဲ့စစ်သား ၁၀၀ ခန့်ဟာ ​ထော်သာမ​ရောက်ခင် စခန်းအသိမ်းခံရပြီး ​တောင်းအင်ပျူစခန်းမှာ​သောင်တင်​နေတာပါ။ စစ်ကူစစ်​ကြောင်းဟာလည်း​တော်လှန်​ရေးတပ်​တွေပိတ်ဆိုဖြတ်​တောင်တိုက်ခိုက်ခံရပြီးဆယ်ဂဏန်း ​သေဆုံးဒဏ်ရာရခဲ့​ပါ​သေးတယ်။အဲဒီစစ်​ကြောင်းနဲ့ ​တောင်းအင် ပျူစခန်းမှာအရင်ရှိတဲ့စစ်သား (၄၀) တို့​​ပေါင်းပြီး စုစု​ပေါင်းအင်အား ၁၀၀​ကျော်ရှိ​နေတာပါ။ ​တောင်အင်ပျူစခန်းသိမ်းတိုက်ပွဲမှာ​တော်လှန်​ရေးတပ်​တွေဘက်ကထိခိုက်​ဆုံးသူမရှိခဲ့ဘူးလို့သိရပါတယ် ။

“ကျွန်​​တော်တို့​က လိုက်ပြီးတိုက်တာ လိုက်ပြီးတိုက်တဲ့အ​နေအထားမှာအ​တော်များများ​သေတယ် ။လက်နက်​တွေလည်းအ​တော်များများသိမ်းဆည်းနိုင်ခဲ့တယ်ဗျ “လို့​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​ပြောပါတယ် ။

စက်တင်ဘာ ၉ ရက်​နေ့မှာ​တော့ ရွာ ၆ ရွာမှာတည်ထားတဲ့ ရွာသစ်စခန်း ၊နားပင်စခန်း၊နောင်ပိန်းစခန်း ​တွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။

ပျူစခန်းသုံးခုက စစ်သားနဲ့ပျူ​သေဆုံးထိခိုက်မှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအ​ခြေအ​နေကို​တော့မသိရ​သေးပါဘူး။

စစ်တပ်နဲ့ပျူ​စောထီးပူး​ပေါင်းတပ်စွဲတဲ့ပျူစခန်း ၅ ခုကို ​တော်လှန်​ရေးတက်​တွေက သိမ်းပိုက်ပြီးတာ​ကြောင့် ​မှော်လိုက်မှာ ပျူစခန်းအနည်းငယ်ပဲကျန်ပါ​တော့တယ် ။ကင်းတပ် စခန်း ၊မော်လိုက်ကလေးစခန်း ၊ရှားပင်စခန်းစတဲ့စခန်း​တွေဖြစ်ပါတယ် ။

NUG ၊ကာကွယ်​ရေးဝန်ကြီးဌာန နဲ့ အမှတ်(၁)စစ်​ဒေသတို့က ​တောင်းအင်ပျူစခန်း နဲ့ ရွာသစ်စခန်း ၊နားပင်စခန်း၊နောင်ပိန်းစခန်း​တေ့သိမ်းဆည်းရရှိတာကိုသတင်းမထုတ်ပြန်​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။