Connect with us

Hi, what are you looking for?

သတင်း

စက်တင်ဘာ ၁၃ ရက်မှာပြုလုပ်မယ့် တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲများ

တော်လှန်ရေးအတွက် ထောက်ပံ့ပေးနေတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို စက်တင်ဘာ ၁၃ ရက် မှာ အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေမှာ ပြုလုပ်သွားမှာပါ။

စက်တင်ဘာ-၁၂၊၂၀၂၅။ဆဏ်း/People’s Spring

တော်လှန်ရေးအတွက် ထောက်ပံ့ပေးနေတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို စက်တင်ဘာ ၁၃ ရက် မှာ အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေမှာ ပြုလုပ်သွားမှာပါ။

လင်းလင်း နဲ့ ချစ်သုဝေ တို့ရဲ့ ရောင်နီ ဖျော်ဖြေပွဲကို စက်တင်ဘာ ၁၃ ရက် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာပြုလုပ်မှာပါ။

ဒီပွဲက ရောင်နီ အနေနဲ့ အမေရိကန်နိုင်ငံမှာ ခုနစ်ပွဲမြောက်ပြုလုပ်တဲ့ ပွဲဖြစ်ပြီး အရင်ပွဲတွေကနေ မြေပြင်အတွက် အမေရိကန်ဒေါ်လာ လေးသိန်းကျော် ထောက်ပို့ပေးထားနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီပွဲမှာ လင်းလင်း ၊ချစ်သုဝေ တို့နဲ့ အတူ ဧည့်သည် အနေနဲ့ The Durgas အဖွဲ့က ဂီတပညာရှင် BENJII လည်းပါဝင်ဖျော်ဖြေမယ်လို့ အသိပေး‌ထားပါတယ်။

နောက်တစ်ပွဲကတော့ အဆိုတော်အင်အားမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပြုလုပ်မယ့် The Distant Cafe Voices for Myanmar Live in Bay Area ဖျော်ဖြေပွဲပါ။

ဖျော်ဖြေပွဲကို San Francisco Bay Area မှာ ပြုလုပ်မှာဖြစ်ပြီး ရန်ရန်ချမ်း၊ Cobra၊ လင်းနစ်၊ လင်းထက်၊ ဒီဂျေဝိုင်း၊ M သီဟ၊ ခင်စုစုနိုင်၊ ကျော်သီဟ၊ နင်ဇီမေ၊ Mark Jason၊ Solomon မြတ်နိုးအေး ၊အိန်ဂျယ်လမုန် တို့နဲ့အတူ ဧည့်သည်အ‌ဆိုတော်တွေ အနေနဲ့ တူးတူး၊ ခါရာ၊ အေးချမ်းမေတို့က ပါဝင်ဖျော်ဖြေသွားမှာပါ။

ဒီဖျော်ဖြေပွဲကနေ ရလာတဲ့ အကျိုးအမြတ်တွေကို မြန်မာနိုင်ငံ အတွက် လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးသွားမယ်လို့ အသိပေးထားပါတယ်။

တတိယဖျော်ဖြေပွဲကတော့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲပါ။

“အမှတ်တရ တူတူဖန်တီးကြမယ်.. တော်လှန်ရေးအတွက် မိုတီဗေးရှင်းတွေ တည်ဆောက်ကြမယ်။ အဲဒီ မိုတီဗေးရှင်းတွေကို တောထဲမှာရှိတဲ့ လူငယ်တွေ ပြည်တွင်းမှာ ရှိတဲ့ ပြည်သူတွေကို တော်လှန်‌ရေး အင်းသစ်အားသစ်တွေ နဲ့ ရှေ့ဆက်ကြဖို့” လို့ ဒေါင်းက ဖိတ်ခေါ်ထားပါတယ်။

ဒေါင်းက ဩစတေးလျနိုင်ငံမှာ ဖျော်ဖြေပွဲသုံးပွဲပြုလုပ်မှာဖြစ်ပြီး ပထမဆုံးပွဲကိုတော့ စက်တင်ဘာ ၇ ရက်က မဲလ်ဘုန်း မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဖျော်ဖြေပွဲတွေက ရလာတဲ့ အကျိုးအမြတ်အားလုံးကို မြေပြင်ကလိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားမယ်လို့ ဒေါင်းက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့​​ကြေညာပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဩဂုတ်လမွေးနေ့ရှင် တော်လှန်အနုပညာရှင် ချစ်သုဝေ က သူမရဲ့ မွေးနေ့မှာ သီချင်းသစ်တစ်ပုဒ်ဖြန့်ချိမယ်လို့ အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။