Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်တိုက်ပွဲ စစ်တပ်အထိနာ၊ ကျေးရွာကို လေယာဉ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာတိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသော ထားဝယ်မြို့နယ် ပကာရီကျေးရွာမြင်ကွင်း။ ဓာတ်ပုံ − KNU

စက်တင်ဘာ−၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာတိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ရက်က စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရရှိကာလက်နက်၁လက်နှင့် ခဲယမ်းအချို့သိမ်းရဟုဖော်ပြသည်။

စစ်ကောင်စီတပ်က ကျောက်မဲတောင်စခန်းမှ ထားဝယ်မြို့သို့ စစ်ကြောင်းချိန်းပြန်လာနိုင်ရန် ထားဝယ်မြို့မှ တက်လာသည့် စစ်ကူအင်အား ၁၀၀ခန့်ကို KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၂)တော်လှန်ရေးပူးပေါင်းတပ်ဖွဲများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

” စစ်ကြောင်းက စစ်ကူတက်လာတယ်။ ဟိုဘက် ကျောက်မဲတောင်ကလည်း ထားဝယ်ကို ပြန်လှည့်လာမယ်ဆိုတော့ တိုက်ပွဲဖြစ်ဖို့အခြေအနေရှိတယ်လို့တော့ ခန့်မှန်းရတာပေါ့”ဟု KNLA သတင်းရင်းမြစ်တဦးက ဒေသတွင်း စစ်ရေး အခြေအနေကို ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်က တိုက်ပွဲနှင့်သက်ဆိုက်မှု မရှိသော ပကာရီကျေးရွာ အတွင်းသို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း (၁) ကျောင်း အပါအဝင် ပြည်သူလူထု နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်ကထုတ်ပြန်ကာ ထိခိုက်ပျက်စီး မှတ်တမ်းဓာတ်ပုံများ ဖော်ပြသည်။

ပကာရီကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍ ပြည်သူ ၂ဦးထိခိုက်ဟု ကြားသိရကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။

“စကစကတော့ သူအထိနာနေတော့ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ပြည်သူလူထုကိုသူတို့ချမှာပဲ။ပြည်သူလူထုရွာထဲဗုံးကြဲတာတို့ပညာရေးစာသင် ကျောင်းဗုံးလာကြဲတာတို့ ရည်ရွယ်ချက်ရှိရှိ တနိုင်ငံလုံးအတိုင်းအတာ နေ့တိုင်းနီးပါး လုပ်တယ်လို့ ပြောလို့ရတယ် ။ ကျနော်တို့ တနင်္သာရီတိုင်းမှာလည်း ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရန်သူသဖွယ်သဘောထားပြီးလုပ်တာ။” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

KNLA ပူးပေါင်းတပ်သည် စက်တင်ဘာ ၁၁ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် မောတောင်နယ်စပ်လမ်းပိုင်း တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာ အနီးတွင်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း ထိခိုက်သေဆုံးကာ လက်နက် ၃လက်နှင့် ခဲယမ်းကျည်များစွာ သိမ်းရခဲ့သည်။

စက်တင်ဘာ ၁၂ရက်ကလည်း တိုက်ပွဲဖြစ်နေသည့် မောတောင်လမ်း သိန်ခွန်းကျေးရွာအနီးကိုလည်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးလာကြဲရာ KNLA တပ်မဟာ(၄)နှင့် ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ပြီး လေယာဉ်ထိခိုက်မှုရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်