Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

စစ်တပ်ရဲ့ အ​မြောက်တပ်ဖွဲ့ဝင်​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-မြဝတီ

စက်တင်ဘာ-၁၈၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်က မုံရွာမြို့နယ်၊ မအူရွာအနီး စစ်တပ် စစ်ဆေးရေးဂိတ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးနဲ့ လေး​ကြိမ်တိုင် ပစ်ခတ်တိုက်ခဲ့ပါတယ်။အဲဒီပစ်ခတ်မှုကြောင့် နဂါးတွင်းကျေးရွာကို ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၄ ဦး ၊ အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“တောကနေပြန်လာတဲ့ပြည်သူတွေထိတာ။ ထိခိုက်တာများတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်စက်တင်ဘာ ၁၅ရက်ည ၁၀ နာရီခွဲခန့်ကလည်းချင်းတွင်းမြစ်တဖက်ကမ်း၊အောင်ဇေယျကုန်းမှ လက်နက်ကြီးနဲ့ ၇ ကြိမ် ပစ်ခတ်လို့ မုံရွာမြို့နယ်၊ ညောင်ပင်ဇောက်ကျေးရွာကို ကျရောက်ပြီး ပြည်သူတဦးဒဏ်ရာရကာ ဒိုင်နာကား တစ်စီး ပျက်စီးခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“ညောင်ပင်ဇောက်က မြို့ပေါ်ရပ်ကွက်လိုဖြစ်နေပြီ။ ညဆို တအုန်းအုန်းနဲ့အိပ်မရဘူး”လို့ မုံရွာမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

မုံရွာမှာစစ်တပ်ကလက်နက်ကြီးနဲ့ထုနေတဲ့အပြင် မြို့ပေါ်မှာပေါ်တာဆွဲလို့လူငယ်အများအပြား ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်ဟာ နိုင်ငံတဝှမ်းမှာ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေပြီး ၂၀၂၅ ခုနှစ် ၈ လတာကာလအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ဝ ခန့် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook