Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတက္ကသိုလ် ရာပြည့်ပွဲ လုံခြုံရေးသတိထားဖို့ စစ်ကောင်စီ ဝန်ကြီးချုပ် သတိပေး၊ ပွဲကိုအာဏာသိမ်း​ခေါင်း​ဆောင်သွားဖို့စီစဥ်​နေ

မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ပွဲကို လုံခြုံရေးသတိနဲ့လုပ်ဖို့ စစ်ကောင်စီရဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ပွဲတော်ကျင်းပရေးကော်မတီကို သတိပေးပါတယ်။

မန္တလေးတက္ကသိုလ် အဝင်အား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

စက်တင်ဘာ၁၉၊၂၀၂၅။မေရီ/People’s Spring

မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ပွဲကို လုံခြုံရေးသတိနဲ့လုပ်ဖို့ စစ်ကောင်စီရဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ပွဲတော်ကျင်းပရေးကော်မတီကို သတိပေးပါတယ်။

လာမယ့်အောက်တိုဘာ ၄ ရက်နေ့မှာပြုလုပ်မယ့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ပွဲတော်အတွက် အစည်းအဝေးကို မနေ့က စက်တင်ဘာ ၁၈ ရက်က စစ်အုပ်စုတွေ နေရာယူထားတဲ့ တိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ပွဲကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်အောင် ကျင်းပသွားမယ်လို့ စစ်ကောင်စီရဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အဲဒီရာပြည့်သဘင်ပွဲတော်မှာ လုံခြုံရေးသတိ၊ လုံခြုံရေးအသိနဲ့ ဆောင်ရွက်သွားဖို့ဆိုပြီး ဦးမျိုးအောင်က သတိပေးပါတယ်။

ဒါအပြင် မန္တလေးတက္ကသိုလ် ရာပြည့်ပွဲကိုအာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် လာဖို့စီစဥ်​နေတယ်လို့ People’s Spring ကစုံစမ်းသိရပါတယ်။အာဏာသိမ်း​ခေါင်း​ဆောင်လာရင် တက္ကသိုလ်အနီးဝန်းကျင်နဲ့ မန္တ​​လေးမြို့မှာစစ်တပ်ကလုံခြုံ​ရေး ပိုတင်းကျပ်ဖွယ်ရှိ​နေတယ်လို့​ဒေသခံအချို့က​ပြောပါတယ် ။ အာဏာသိမ်း​ခေါင်း​ဆောင်ဟာ စစ်တပ်စိုးမိုးထားတဲ့​ဒေသ​တွေကိုခရီးသွားရင်​တောင် လုံခြုံ​ရေးအင်အားအများအပြားသုံးပြီးတင်းကြပ်​လေ့ရှိပါတယ် ။

တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ စာသင်ကျောင်းတွေပါမကျန် လေကြောင်းကနေဗုံးကြဲ၊ ကျောင်းသားကျောင်းသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကိုစစ်တပ်ကဆက်တိုက်ပြုလုပ်ခဲ့နေပါတယ်။ဒီအ​ခြေအ​နေမှာ စစ်ကောင်စီဟာ မန္တလေးတက္ကသိုလ်ရာပြည့်ပွဲကို စည်ကားအောင် ပြုလုပ်မယ်လို့ ​ပြော​နေတာဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်းတဦးက​တော့”သမိုင်းဝင်မယ့်ပွဲဖြစ်ပေမဲ့ အာဏာလုထားတဲ့ အချိန်ဖြစ်လို့ ဂုဏ်ပြုသဘင်မျိုး မလုပ်နိုင်တာ ဝမ်းနည်းစရာကောင်းပါတယ်။”လို့ မှတ်ချက်ပြုပါတယ်။

ပြီးခဲတဲ့ ဇူလိုင်လဆန်း​ကလည်း မန္တလေးတက္ကသိုလ် ရာပြည့်အကြို ဂုဏ်ပြုပွဲကို စစ်အုပ်စုက လုံခြုံရေးကြောင့် မန္တလေးတက္ကသိုလ်ထဲ လုပ်ခွင့်မပေးဘဲ သံဃာ့ဆေးရုံမှာ လုပ်ခိုင်းခဲ့ပါသေးတယ်။ ပွဲရက်နီးလာတော့မှသာ မန္တလေးတက္ကသိုလ်ထဲ ပြန်လည်လုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ငလျင်ကြီးမှာ အဆောက်အအုံတချို့ မီးလောင်ပြီး ပြိုကျပျက်စီးတာတွေရှိခဲ့ကာ ဆရာဆရာမအပါအဝင် ဝန်ထမ်းလေးဦးခန့် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ်စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက် ၁၅ နှစ်ကနေ ၂၁ နှစ်ကြား ကျောင်းသူကျောင်းသူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် ဒေသခံ ၂၂ ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့အထိ စစ်ကောင်စီက နေပြည်တော်နဲ့ ရန်ကုန်ကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၆၇၉ ကြိမ် ပြုလုပ်ခဲ့တဲ့အနက် စာသင်ကျောင်း ၂၄၀ ကျောင်းလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တက်ရောက်ခွင့်မရတဲ့အာဆီယံအဖွဲ့ရဲ့(၄၈) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့မှာဒီနေ့( မေလ ၈ ရက်)မှာစတင်ကျင်းပနေပါတယ်။

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ရေနံတင်ပို့မှုမှာ အဓိက အကျဆုံး မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ထားနိုင်ဖို့ မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ခံစစ်အားပြု စစ်ရေးမစ်ရှင်တစ်ခု စီစဉ်နေကြောင်း ပြင်သစ် သမ္မတက ပြောကြားလိုက်ပါတယ်။