Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တိုက်ပွဲ စစ်အုပ်စု အထိအခိုက်များလို့ နောက်ပြန်ဆုတ်သွား၊ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုအထိအခိုက်များနဲ့ နောက်ကြောင်းပြန်ပြေးကာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်တွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်များ။ ဓါတ်ပုံ-ခင်ဦးပကဖ

စက်တင်ဘာ-၁၉၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုအထိအခိုက်များနဲ့ နောက်ကြောင်းပြန်ပြေးကာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်တွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက် မနေ့က ရွှေဘိုလေ့ကျင့်ရေး(၈)မှ စစ်ကောင်စီတပ်နဲ့ ဘုတ်ကုန်းရွာ ပျူစခန်းကနေ ခင်ဦးမြို့နယ် မကျီးတုံပျူရွာကို ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ​ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတချို့ကို တွေ့ရစဥ်။ ဓါတ်ပုံ-ခင်ဦးပကဖ

“၁၈ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲလောက်ကနေ ညပိုင်း ကိုးနာရီခွဲလောက်အထိ ဖြစ်တာ။ ရန်သူ့ဘက်မှ ထိခိုက်မှုများပြားတယ်။ အရေတွက် အတိကျ မသိနိုင်ဘူး။ သေဆုံးမှုရှိတယ်။ ရွှေဘို – ဘုတ်ကုန်း ပျူခြံထဲ မီးရှို့ သင်္ဂြိုဟ်နေတယ်။”လို့ ခင်ဦးပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ စစ်အုပ်စု ထိခိုက်မှုနဲ့ သေဆုံးမှုတွေရှိပြီး ဘုတ်ကုန်းပျူစခန်းနဲ့ လေ့ကျင့်ရေး (၈) ထဲကို ညတွင်းချင်း တပ်ပြန်ဆုတ်သွားကြောင်း ခင်ဦးပကဖအဖွဲ့က အသိပေးပါတယ်။

နယ်မြေရှင်းချိန်မှာ စစ်ကောင်စီတပ်ရဲ့ MA4 သေနတ် (၁)လက်၊ MA5 ပစ္စတို (၁)လက်နဲ့ RPG အဖူး၊ အီနာဂါ၊ 40mm ကျည်၊ ကျည်ဘောက်၊ အင်ကွပ်၊ ကျည်ကာပြား၊ ဦးထုပ်၊ ခဲယမ်း၊ အသုံးအဆောင်၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးပကဖက ထပ်မံအသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်(၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် ပကဖများ၊ မြို့နယ် ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်နဲ့ နယ်ချင်းဆက်နေတဲ့ ကန့်ဘလူမြို့နယ်မှာလည်း စက်တင်ဘာ ၁၇ ရက်က ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၆ဦးသေဆုံးပြီး သုံ့ပန်းတွေလည်း ဖမ်းမိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook