Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတော်လှန်ရေး လူငယ်များပါဝင်ကြရန် PDF ဒေါနတပ်ရင်း ဖိတ်ခေါ်

အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းနှင့် ပူးပေါင်းပါဝင်ရန် ဒေါနတပ်ရင်းက ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − Dawna Column

စက်တင်ဘာ−၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းနှင့် ပူးပေါင်းပါဝင်ရန် ဒေါနတပ်ရင်းက ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်သည်။

စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသည့် ဒေါနတပ်ရင်းအနေဖြင့် တိုက်ခိုက်ရေး အင်အားစုများ တိုးချဲ့စုဖွဲ့လျက်ရှိရာ ယခုရက်ပိုင်းတွင် တပ်သားသစ် ဖိတ်ခေါ်သည့်ကြေညာမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

“ကျနော်တို့ပြည်တွင်းမှာရှိနေတဲ့မိဘပြည်သူတွေအနေနဲ့လည်းတက်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးအဖွဲ့စည်းတွေကိုကူညီပေးဖို့ရယ်၊လူငယ်တွေအနေနဲ့လည်းကိုယ့်အိမ်ရှေ့မရောက်ခင်၊ကိုယ့်ကိုမထိသရွေ့နေသာသလိုမနေကြဖို့၊အခွင့်ရေးရတုန်းစစ်ကော်မရှင်ကိုတော်လှန်ဖို့ရဲရဲဆုံးဖြတ်ချက်ချဖို့လိုပါတယ် လို့ပြောချင်ပါတယ်”ဟု ဒေါနတပ်ရင်း ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက တပ်သားသစ်များ ဖိတ်ခေါ်နေသည့် အပေါ် မှတ်ချက်ပြု ပြောသည်။

Public Service Announcement

Public Service Announcement

ဒေါနတပ်ရင်းမှ တပ်သားသစ်များခေါ်ယူရာတွင် စစ်အာဏာရှင်အမြစ်ပြတ်‌ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်‌ရေးအတွက် ဆုံးဖြတ်ထားသူဖြစ်ရမည်ဆိုသည့် အချက်အပါအဝင် သတ်မှတ်ချက်များ ထုတ်ပြန်ထားသည်။

တပ်သားသစ်အဖြစ်ပါဝင်လိုပါက အသက် (၁၈)နှစ်နှင့် (၃၅)နှစ်အတွင်း၊ ကျန်းမာရေးကောင်းမွန်ပြီး၊ စိတ်ဓာတ်ကြံ့ခိုင်ရမည်ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်ပြတ်သားရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့ပြင် အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနှင့် လိုအပ်ပါက မွမ်းမံသင်တန်းများ ပြီးဆုံးအောင်မြင်သည်အထိ တက်ရောက်နိုင်ရမည် ဖြစ်ကာ သင်တန်းပြီးဆုံးပါက တပ်ဖွဲ့မှပေးအပ်သည့် တာဝန်နှင့်စုဖွဲ့မှုအတိုင်း မည်သည့်နေရာမဆို တာဝန်ထမ်းဆောင်နိုင်ရမည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်သည့်စစ်စည်းကမ်းကျင့်ဝတ်များ၊ ဒေါနတပ်ရင်းမှ ချမှတ်သည့် မူဝါဒ၊ စည်းကမ်းကျင့်ဝတ်များ အားတိကျစွာ လေးစားလိုက်နာရမည်ဖြစ်ကြောင်းနှင့် အနည်းဆုံး (၂) နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လိုအပ်၍ တာဝန်‌ပေးအပ်ပါက နောက်ထပ်(၂)နှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရမည်ဟု အသိပေးသည်။

ထို့ပြင် အထက်ကွပ်ကဲမှု အဆင့်ဆင့်၏ အမိန့်ကိုနာခံ၍ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဖြစ်ကာ ရာဇဝတ်ပြစ်မှုကင်းရှင်းသူဖြစ်ရမည်ဟု ထုတ်ပြန်ထားသည်။

တပ်ဖွဲ့ဝင်အဖြစ် ပါဝင်လိုသူများအနေဖြင့် တပ်ရင်းအမှတ်-၉၉၀၂ ဒေါနတပ်ရင်း Dawna Column page messenger https://www.facebook.com/share/1BLVfcBGjt/ နှင့် Telegram No +660656530290 သို့ ဆက်သွယ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...