Connect with us

Hi, what are you looking for?

သတင်း

လန်ဆယ်ဒေသ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ နှစ်ရက်ဆက်တိုက်ပွဲဖြစ်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

၂၀၂၅ ဖေဖော်ဝါရီ ၇ရက်က ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ရွာ စာသင်ကျောင်းနှင့် နေအိမ်များကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ−၂၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

၂၀၂၄ နှစ်ကုန်ပိုင်းက KIA ပူးပေါင်းတပ်၏ ထိုးစစ်အတွင်း လန်ဆယ်အပါအဝင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ထိန်းချုပ်ထားသည့် ကချင်အထူးဒေသ(၁)ဟု ခေါ်ဆိုသည့် ဒေသတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေဒေသများ ပြန်ရရေး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်က အင်အားစုဖွဲ့ပြီး ထိုးစစ်ဆင်ရန် လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာ ၁၉ရက်တွင် လန်ဆယ်ဒေသ ထိုးစစ်ကို ပြုလုပ်လာခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပူတာအိုမြို့က ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် အင်အား ၄၀၀ကျော်သည် လန်ဆယ်ဘက် ဆင်းလာခြင်းဖြစ်သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ လန်ဆယ် မရောက်သေးဘူး လမ်းမှာ တိုက်ပွဲဖြစ်နေတယ်။ လန်ဆယ်မရောက်ခင် တထုံကျင်မာ ဖြစ်တာ။ လန်ဆယ်ရောက်ဖို့ အဝေးကြီးလိုသေးတယ်။ ဒီမနက်လည်း ၅နာရီ အချိန်မှာ တိုက်ပွဲဖြစ်နေတယ် အခုထိ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ စက်တင်ဘာ ၂၀ရက် မနက် ၇နာရီခွဲခန့်တွင် ပြောသည်။

အခြားသတင်းရင်းမြစ်တဦးကလည်း “မနေ့က လန်ကျသွားတဲ့ကောင်တွေ လူပြန်စုနေကြတယ်။ ဒီမနက်အထိတော့ အခြေအနေ မသိရသေးဘူး” ဟု ပြောသည်။

လန်ဆယ်ဒေသသည် ရွှေထွက်အား ကောင်းသည့် ဒေသဖြစ်ပြီး မြေရှားသတ္ထုလည်း ထွက်ရှိကြောင်း သတင်းရင်းမြစ်က ဒေသ၏ အရေးပါမှု အခြေအနေကို ပြောသည်။

လန်ဆယ်ဒေသ တိုက်ပွဲအခြေအနေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ၀ိုင်းမော်မြို့နယ်တွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအင်အားများဖြင့် ထိုးစစ်ဆင်လျက်ရှိရာ KIAနှင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်က ၎င်းတို့ ဆုံးရှုံးထားသည့် နယ်မြေများ ပြန်ရရေး လေကြောင်း ပစ်ကူ သုံး မြေပြင်မှ ထိုးစစ်ဆင်လျက်ရှိ၍ စစ်ရေး တင်းမာနေဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် ပြောထားသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဖားကန့်မြို့နယ်အတွင်း၌လည်း တိုက်ပွဲများ ပြင်းထန်နေပြီး ဗန်းမော်တွင်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။