Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့ထားဝယ်ခရီးစဥ်မှာ လုံခြုံရေးလာယူတဲ့စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ထားဝယ်မြို့ကိုလာတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ခရီးစဥ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-လောင်းလုံး ပကဖ

စက်တင်ဘာ−၂၁၊၂၀၂၅။ကျော်ဇော/People’s Spring

ထားဝယ်မြို့ကိုလာတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ခရီးစဥ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက် မနက် ၃နာရီခွဲလောက်က ထားဝယ်ကနေ လောင်းလုံးမြို့နယ်ဘက်ကို ရောက်လာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်တပ်စစ်ကြောင်းကို လိုက်လံပိတ်ဆို့ခဲ့ရာ ရာဟောင်းဝရွာအနီး မိန်းလမ်းမအတိုင်းဆင်းလာစဥ် ထိပ်တိုက်တိုးပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

“မအလ လုံခြုံရေးအတွက် လည်းပါတယ်ဗျ။ နှစ်ဖက်ခွလာတာ။ အခြေနေကောင်းရင်စစ် ကြောင်းထိုးမယ်ပေါ့။ ဒီလိုဆင်းလာတဲ့သဘောထင်တယ်။ အဲဒီမှာ ကျနော်တို့က ဆင်းတာနဲ့တိုက်လိုက်တော့ ဦးကျိုးသွားတဲ့သဘောရှိတယ်”လို့ စစ်တပ်စစ်ကြောင်းနဲ့ပတ်သက်ပြီး လောင်းလုံး(ပကဖ)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက လက်ဦးမှုရယူ ပစ်ခတ်တိုက်ခိုက်ရာ ရန်သူ့ဘက်က လေးဦးထိမှန်သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ အဲဒီတာ ဝန်ရှိသူက ဆက်ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန် စစ်တပ် အင်အား ၁၀၀ ပါစစ်ကြောင်းက တပ်သားတချို့ဟာ မိန်းလမ်းမသို့တက်စဥ် လူစုခွဲလာခြင်းဖြစ်ရာ ယင်းတပ်သားများပါ တိုက်ခိုက်ခံရတဲ့နေရာသို့ရောက်ရှိလာခြင်းကြောင့် တော်လှန်ရေးတပ်တွေက ပဒေသာရှေ့ထွက်မိုင်း ၃ တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံး(ပကဖ)မှ အသိပေးပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ရန်သူ့ဖက်ကထိခိုက်‌ သေဆုံးမှုအများပြားရှိခဲ့ပြီး အရေအတွက်ကိုမူ ဆက်လက်စုံစမ်းဆဲဖြစ်ကာတော်လှန်ရေးပူး ပေါင်းအဖွဲ့များ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အထက်ပါတိုက်ခိုက်မှုများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါနစစ်ကြောင်း-၃ KBDF၊ ဒေါနတပ်ခွဲ-၇ LPF၊ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF နှင့် ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၁၈ ရက်မနက်ပိုင်းမှာ ထားဝယ်မြို့သို့သွားရောက်ခဲ့ပြီး မြို့နယ်ခန်းမအသစ်ဖွင့်ပွဲသို့တက်ရောက်ခဲ့သလို လောကမာရဇိန်ဘုရားကြီးသို့လည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်ရဲ့ ထားဝယ်ခရီးစဥ်မတိုင်ခင် ရက်ပိုင်းအလိုမှာ စစ်ကောင်စီလေတပ်က ထားဝယ်ခရိုင်ထဲက မြို့နယ်တွေကို လေယာဥ်နဲ့ဗုံးပတ်ကြဲခဲ့တာကြောင့် ပြည်သူတွေထိခိုက်သေဆုံးမှုရှိခဲ့သလို နေအိမ်အဆောက်အအုံတချို့လည်း ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

Facebook