Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံပွဲနှင့် တရုတ်အစိုးရကန့်ကွက်ပွဲ အမေရိကန်၊ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားရောက် မြန်မာများ ပြုလုပ်

အမေရိကန်၊ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများစုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံပွဲနှင့် မြန်မာ့အရေးစွက်ဖက်နေသည့်တရုတ်အစိုးရကန့်ကွက်ပွဲတို့ကို ယနေ့ (စက်တင်ဘာ ၂၁) ပြုလုပ်ခဲ့သည်။

စက်တင်ဘာ-၂၁၊၂၀၂၅။ သုည/People’s Spring

အမေရိကန်၊ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများစုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံပွဲနှင့် မြန်မာ့အရေးစွက်ဖက်နေသည့်တရုတ်အစိုးရကန့်ကွက်ပွဲတို့ကို ယနေ့ (စက်တင်ဘာ ၂၁) ပြုလုပ်ခဲ့သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ United Nations Plaza တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် ရွေးကောက်ခံ ပြည်သူ့အစိုးရ၏ ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် စုပေါင်းဆန္ဒထုတ်ဖော်ပွဲကို ကျင်းပခဲ့သည်။

အဆိုပါ စုပေါင်းဆန္ဒထုတ်ဖော်ပွဲကို ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အာရှနိုင်ငံများ စုရုံးဖွဲ့စည်းထားသည့် အာရှမဟာမိတ်အဖွဲ့ဝင်များလည်း မြန်မာပြည်သူများ၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို ထောက်ခံရပ်တည်ကြောင်း တက်ရောက်ပါဝင်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမေရိကန်နိုင်ငံရောက် မြန်မာများက “Our UN Ambassador U Kyaw Moe Tun ၊ The True Voice of Myanmar”Our UN” ၊ “Our Ambassador Our Voice” စာသားတို့ကို ကိုင်ဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလ၌ ဆက်လက်ခန့်ထားရေး တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ကနေဒါနိုင်ငံ ဗန်ကူးမားမြို့တွင်လည်း ပြည်ပရောက် မြန်မာများ စုပေါင်းကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ရာထူးတာဝန် ဆက်ထိန်းထားနိုင်ရေး လူထုထောက်ခံပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့အရေးဝင်ရောက်စွက်ဖက်နေသည့် တရုတ်ကွန်မြူနစ်အစိုးရကို ကန့်ကွက်သည့် ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

တရုတ်အစိုးရသည် ဘန်ဒေါင်းသဘောတူညီချက်အား ချိုးဖောက်ကာ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေမှုများ ၊ မြန်မာစစ်တပ်အပေါ် လက်နက်နှင့် နည်းပညာ ထောက်ပံ့နေမှုများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် EAOs များအပေါ် ဖိအားပေး အကြပ်ကိုင်နေမှုများ ချက်ချင်းရပ်တန့်ရန်နှင့် စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲကို လုံးဝ မထောက်ခံရန် ဆန္ဒပြခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မြောင်ဒုံတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်တာဝန်ထမ်းဆောင်ရေး ထောက်ခံဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်‌ရေးကော်မတီ(ကိုရီးယား) က ဦးဆောင်ကာ ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက တော်လှန်‌ရေးအခြေအနေများကို အကျယ်တဝင့် ပြောကြား၍ ညီညွတ်စည်းလုံးစွာ အောင်ပွဲရသည်အထိ လုပ်ဆောင်ကြရန်လည်းတိုက်တွန်းခဲ့သည်။

လာမည့် အကြိမ် )၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာတို့၏ ပြည်သူ့သူရဲကောင်း ဦးကျော်မိုးထွန်း၏ နေရာ ဆက်လက်တည်ရှိနေရေး၊ ထိုမှတဆင့် နိုင်ငံ့ကိုယ်စားလှယ်အဆင့်အတန်း ရရှိရေးတို့အတွက် မြန်မာပြည်သူများ၏ တောင်းဆိုချက်ကို ကိုရီးယားအစိုးရထံသို့ အိတ်ဖွင့်ပေးစာအဖြစ် ပေးပို့ခဲ့သည်။

ဓာတ်ပုံ – စစ်အာဏာသိမ်းမှုဆန့်ကျင်‌ရေးကော်မတီ(ကိုရီးယား) ၊ CJ

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။