Connect with us

Hi, what are you looking for?

သတင်း

လေးကေကော်မြို့သစ်ကို သိမ်းယူဖို့ စစ်ကောင်စီတပ်ထိုးစစ်ဆင်

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက်ခြမ်းက လေးကေကော်မြို့သစ်ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် ဒီနေ့ မနက်ပိုင်း မှာ (စက်တင်ဘာ ၂၂ ရက် ) မြဝတီမြို့စောင့်တပ် ဆီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ - Google Earth

စက်တင်ဘာ – ၂၂ ၊၂၀၂၅ ၊နိုင်ပကောင်း /People’s Spring

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက်ခြမ်းက လေးကေကော်မြို့သစ်ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် ဒီနေ့ မနက်ပိုင်း မှာ (စက်တင်ဘာ ၂၂ ရက် ) မြဝတီမြို့စောင့်တပ် ဆီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လေးကေကော်ကိုသိမ်းယူဖို့အတွက် တပ်မ ၂၂ ၊တပ်မ ၅၅ လက်အောက်ခံတပ်တွေ ပါတဲ့ စစ်ကြောင်းဟာ အခုရက်ပိုင်းအတွင်း မြဝတီမြို့ကတဆင့် လေးကေကော်မြို့ဆီ စစ်ကြောင်းထိုးရာမှာ မနေ့ (စက်တင်ဘာ ၂၁ ) မှာတော့ မြို့အနီးရှိ ကျေးရွာဆီရောက်လာခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမာ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကနေ လေးကေကော်မြို့ ဘက်ဆီ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဟိုကောင်(စကစ)တွေ ၂၇၅ ကနေ ပစ်ထုတ်နေတယ်လေ လေးကေကော်ထဲကို၊ သုံးလုံးတစ်တွဲ သုံးလုံးတစ်တွဲနဲ့ ပစ်ထုတ်နေတယ်” အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

မြဝတီမြို့ ရဲ့ ဝင်ပေါက်ဖြစ်တဲ့ သင်္ဃန်းညီနောင်တပ်နယ်ကို ပြန်သိမ်းပြီးနောက်မှာ စစ်ကောင်စီတပ်ဟာ မြဝတီမြို့ တောင်ဘက်ခြမ်းရှိ KNU နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ထိုးစစ် ဆင်နေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ လက်ခတ်တောင်စခန်းကုန်းကို သိမ်းလိုက်သလို လေးကေကော်ဘက်ဆီလည်း စစ်ဦးတည်ခဲ့တာပါ။

ဒါအပြင် လေးကေကော်မြို့ကတဆင့် မြဝတီ – ဝေါ်လေ လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေသလို ဝေါ်လေမြို့ နဲ့ စုကလိမြို့တွေကိုလည်း ပြန်လည်သိမ်းဖို့ စစ်ကောင်စီတပ်က ပြင်ဆင်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ် က အသိပေးပါတယ်။

မြဝတီမြို့နယ်ထဲက လေးကေကော်မြို့သစ်ကို ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီ နဲ့ ၂၀၁၅ ခုနှစ် မှာ စတင်ထူထောင်ပြီး အိမ်ခြေ ၆၀၀ ကျော်ရှိကာလူဦးရေသုံးထောင်ခန့် နေထိုင်ခဲ့တာပါ။

မြို့သစ်ရဲ့လုံခြုံရေးကို KNU က တာဝန်ယူတာလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မှာ စစ်တပ်အာဏာသိမ်းပြီးနောက် လေးကေကော်မြို့သစ်မှာ စစ်ကောင်စီကို​တော်လှန်သူ​တွေ ၊ခုခံဆန့်ကျင်သူတွေ ခိုလှုံခဲ့ရပါတယ်။

ဒါကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က မြို့ ထဲကို ဝင်ပြီး ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့လို့ KNU တပ် ရင်း ၂၇ နဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေ-စုကလိလမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။