Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာတိုက်ပွဲ ရဲဘော်တဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာကျေးရွာတိုက်ပွဲမှာ ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စက်တင်ဘာ- ၂၃၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာကျေးရွာတိုက်ပွဲမှာ ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်မှုထမ်းတပ်သားသစ် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ရတာလို့ အသိပေးပါတယ်။

“လက်နက်ငယ်ကျည်ထိပြီး ကျသွားတာ”လို့ CDF KKG တာဝန်ရှိသူက ကျဆုံးရဲဘော်နဲ့ပတ်သက်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ထိုးစစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ငါးလကျော်ကြာ သိမ်းပိုက်ခဲ့တဲ့ ကြံသာကျေးရွာကနေ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၀ရက်မတိုင်မီအထိ ကြံသာရွာပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်က ထိုးစစ် ၁၀ကြိမ်ထက်မနည်းလုပ်ခဲ့ပြီး ရဲဘော်တွေ ခုခံခဲ့တယ်လို့ သိရပါတယ်။

“ကြံသာကနေတော့ ဆက်မတိုးသေးဘူး။မှန်တော၊ တင်သား ၊ရှားဖိုဘက်မဝင်နိုင်အောင် ကာနေတယ်”လို့ စစ်ကောင်စီတပ် ထိုးစစ်နဲ့ပတ်သက်ပြီး ကဘော်အထူးဒရုန်းတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ကလေးမြို့နယ် ကြံသာကျေးရွာဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အထက်ပိုင်း ပျူစောထီး၊ပြည်သူ့စစ်တွေအားကောင်းရာ ဟံသာဝတီရွာအနီးမှာ ရှိပါတယ်။ဟံသာဝတီရွာကနေတဆင့် စစ်ကောင်စီတပ်က အခြေပြုပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

“ဟံသာဝတီမှာက ပျူစောထီးရော ပေါ်တာ(အဓမ္မစစ်မှုထမ်း)တွေ အပါအဝင်ဆို အင်အား ၃၀၀လောက်ရှိတယ်​။စက်တပ်လေထီးတချို့ပါ အားဖြည့်ထားတယ်”လို့ ကလေးမြို့နယ်ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ဒုတိယပတ်က ကလေးနဲ့ ဂန့်ဂေါလမ်းပိုင်းက စစ်ကောင်စီတပ်အခြေစိုက်စခန်းတွေ ဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တောနဲ့ အောင်သာယာ (အရှေ့၊ အနောက်)ကို CDF KKGပူးပေါင်းတပ်တွေက Major Operation အဖြစ် စစ်ဆင်ရေးပြုလုပ်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၅ ဧပြီ ၁၁ရက်မှာ ပျူစောထီးစိုးမိုးတဲ့ ကြံသာကျေးရွာကို တော်လှန်အင်အားစုတွေပူးပေါင်းပြီး အပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ CDF KKGက ဆိုပါတယ်။

လွန်ခဲ့တဲ့ တပတ်ကစလို့ စစ်ကောင်စီတပ်က ကလေးမြို့နယ်ကို အင်တာနက် အသုံးပြုခွင့်အလုံးစုံပိတ်ထားပြီး မြို့မြောက်ဘက်ခြမ်းမှာလည်း စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook