Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာတိုက်ပွဲ ရဲဘော်တဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာကျေးရွာတိုက်ပွဲမှာ ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စက်တင်ဘာ- ၂၃၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာကျေးရွာတိုက်ပွဲမှာ ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်မှုထမ်းတပ်သားသစ် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ရတာလို့ အသိပေးပါတယ်။

“လက်နက်ငယ်ကျည်ထိပြီး ကျသွားတာ”လို့ CDF KKG တာဝန်ရှိသူက ကျဆုံးရဲဘော်နဲ့ပတ်သက်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ထိုးစစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ငါးလကျော်ကြာ သိမ်းပိုက်ခဲ့တဲ့ ကြံသာကျေးရွာကနေ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၀ရက်မတိုင်မီအထိ ကြံသာရွာပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်က ထိုးစစ် ၁၀ကြိမ်ထက်မနည်းလုပ်ခဲ့ပြီး ရဲဘော်တွေ ခုခံခဲ့တယ်လို့ သိရပါတယ်။

“ကြံသာကနေတော့ ဆက်မတိုးသေးဘူး။မှန်တော၊ တင်သား ၊ရှားဖိုဘက်မဝင်နိုင်အောင် ကာနေတယ်”လို့ စစ်ကောင်စီတပ် ထိုးစစ်နဲ့ပတ်သက်ပြီး ကဘော်အထူးဒရုန်းတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ကလေးမြို့နယ် ကြံသာကျေးရွာဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အထက်ပိုင်း ပျူစောထီး၊ပြည်သူ့စစ်တွေအားကောင်းရာ ဟံသာဝတီရွာအနီးမှာ ရှိပါတယ်။ဟံသာဝတီရွာကနေတဆင့် စစ်ကောင်စီတပ်က အခြေပြုပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

“ဟံသာဝတီမှာက ပျူစောထီးရော ပေါ်တာ(အဓမ္မစစ်မှုထမ်း)တွေ အပါအဝင်ဆို အင်အား ၃၀၀လောက်ရှိတယ်​။စက်တပ်လေထီးတချို့ပါ အားဖြည့်ထားတယ်”လို့ ကလေးမြို့နယ်ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ဒုတိယပတ်က ကလေးနဲ့ ဂန့်ဂေါလမ်းပိုင်းက စစ်ကောင်စီတပ်အခြေစိုက်စခန်းတွေ ဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တောနဲ့ အောင်သာယာ (အရှေ့၊ အနောက်)ကို CDF KKGပူးပေါင်းတပ်တွေက Major Operation အဖြစ် စစ်ဆင်ရေးပြုလုပ်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၅ ဧပြီ ၁၁ရက်မှာ ပျူစောထီးစိုးမိုးတဲ့ ကြံသာကျေးရွာကို တော်လှန်အင်အားစုတွေပူးပေါင်းပြီး အပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ CDF KKGက ဆိုပါတယ်။

လွန်ခဲ့တဲ့ တပတ်ကစလို့ စစ်ကောင်စီတပ်က ကလေးမြို့နယ်ကို အင်တာနက် အသုံးပြုခွင့်အလုံးစုံပိတ်ထားပြီး မြို့မြောက်ဘက်ခြမ်းမှာလည်း စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။