Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထံ ဘက်ပြောင်းသွားတဲ့ ၄ဦးဟာ စစ်တပ်နဲ့ KTLAအဖွဲ့ဝင်ဟောင်းတွေလို့ KNLA ပြော

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်မှာကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) တပ်မဟာ(၄)က တပ်ဖွဲ့ဝင် ၄ဦး စစ်ကောင်စီတပ်ထံ ဘက်ပြောင်းသွားတယ်လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီထံ ဘက်ပြောင်းသွားတဲ့ ၄ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

စက်တင်ဘာ-၂၅၊ ထားမြတ်/People’s’ Spring

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်မှာကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) တပ်မဟာ(၄)က တပ်ဖွဲ့ဝင် ၄ဦး စစ်ကောင်စီတပ်ထံ ဘက်ပြောင်းသွားတယ်လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။

ဘက်ပြောင်းသွားသူ ၄ဦးဟာ စစ်တပ်အဖွဲ့ဝင် ဟောင်းတဦးနဲ့ KTLA တပ်ဖွဲ့ဝင်ဟောင်း ၃ဦးတို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကို အလင်းဝင်လာတဲ့ PDF ၄ဦး လက်နက်တွေနဲ့အတူ အလင်းဝင်လာလို့ စက်တင်ဘာ ၂၄ရက်မှာ အလင်းဝင်သူတွေကို မိဘအုပ်ထိန်းသူတွေဆီ လွှဲပြောင်းခဲ့တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ခဲ့ပေမယ့် အဲဒီ ၄ဦးဟာ အရင်က စစ်ကောင်စီတပ်သား ဟောင်း ၁ဦးနဲ့ KTLA တပ်ဖွဲ့ဝင်ဟောင်း ၃ဦး ဖြစ်တယ်လို့ KNLA သတင်းရင်းမြစ်က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

” အလင်းဝင်သွားတဲ့ လေးဦးက အစတုန်းက KTLA အဖွဲ့တွေ ။ နောက်ဆုံး KNLAနဲ့ ပြန်ပေါင်းတယ် တနှစ်ကျော်။ နောက် စကစ တပ်ဆီကို အလင်းဝင်သွားတာ။စကစ ဘက်ကို အလင်းဝင်သွားတဲ့ လေးဦးက တဦးကတော့ စကစရဲ့အဖွဲ့ဝင်ဟောင်းပေါ့နော်။ ကျန်တဲ့ သုံးယောက်ကအရင်က KTLAဘက်ကနေ ပြီးတော့ KNLAနဲ့လာပူးပေါင်းတယ်။ အခုတော့ သူတို့ လေးဦးစလုံးက အာဏာရှင်နဲ့သွားပေါင်းလိုက်တယ်” လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။

KNUတပ်မဟာ(၄)နယ်မြေမှာဗိုလ်အယ်ခွီး ခေါ် ဗိုလ်ကော်လာဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ရှိပြီး အဲဒီ တပ်ဟာ KNLA တပ်မဟာ(၄)ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ ဗိုလ်အယ်ခွီးဟာဆိုရင်လည်း အရင် စစ်အစိုးရ လက်ထက်မှာ ၂ကြိမ်တိုင်တိုင် စစ်ကောင်စီထံ အလင်းဝင်ခဲ့သူဖြစ်ပြီးအာဏာသိမ်းပြီးနောက်ပိုင်းKNLA တပ်မဟာ (၄)နယ်မြေမှာ ပြန်လည်ပေါ်ပေါက်လာကာ တပ်မဟာ(၄)နဲ့ အဆင်မပြေမှုတွေ မကြာခဏ ရှိနေခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ အများအပြား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတာ၊ လက်နက်ချ အလင်းဝင်တာတွေ ဆက်တိုက်ရှိနေတဲ့ အခြေအနေမှာစစ်ကောင်စီဟာလည်း သူတို့ ဘက်ကို အလင်းဝင် ပူးပေါင်းလာသူတွေရှိကြောင်း အခုလို ဝါဒဖြန့် သတင်းတွေ ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တိုက်ပွဲတွေမှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဆီကို အလင်း ဝင်ပူးပေါင်းလာတဲ့ တပ်ဖွဲ့ဝင်တွေဟာ အခု စက်တင်ဘာလအတွင်းမှာပဲ အနည်းဆုံး ၁၃ဦး ရှိပါတယ်။

အခု ၂၀၂၅ ဇန်နဝါရီကနေ စက်တင်ဘာ တတိယပတ်အထိ စစ်ကောင်စီဘက်ကဗိုလ်ကြီးအဆင့်အပါအဝင် ၃၃ ဦးထက်မနည်း KNLA တပ်မဟာ (၄)ဆီကို အလင်းဝင် ဘက်ပြောင်းခိုလှုံတာတွေရှိခဲ့ကြောင်းလည်း KNLA သတင်းရင်းမြစ်က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။