Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်ကောင်စီက မဲစာရင်းတွေ စကပ်ပေမဲ့ လာကြည့်သူမရှိ

မန္တလေးမြို့မှာ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ စကပ်ထားပေမဲ့ လာကြည့်သူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကြည့်သူမရှိတဲ့ မန္တ​လေးကမဲစာရင်း​တွေ။ ဓာတ်ပုံ-​CJ

စက်တင်ဘာ-၃၀၊ ၂၀၂၅။ မေရီ/People’s Spring

မန္တလေးမြို့မှာ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ စကပ်ထားပေမဲ့ လာကြည့်သူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဒီနေ့ မနက်ပိုင်းကစပြီး မန္တလေးမြို့က ရပ်ကွက်ရုံးတွေမှာ မဲပေးနိုင်တဲ့စာရင်းတွေကို ဘလက်ဘုတ်တွေနဲ့ ကပ်ထားပေမဲ့ လာကြည့်တဲ့သူ လုံးဝမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

“တယောက်မှကို လာမကြည့်ကြဘူး”လို့ အသက် ၄၅ နှစ်အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ စက်တင်ဘာ ၂၉ ရက် မနေ့ညကတည်းက ကားတွေနဲ့ မနက်ဖြန်မဲစာရင်းလာကြည့်ကြည့်ကြဖို့ လိုက်အော်ခဲ့ပေမဲ့ လာကြည့်သူမရှိတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

“ညက လက်နက်တွေနဲ့ စစ်သားတွေကော ခွေးဘီလူးကားနဲ့လိုက်အော်တာ။ ဒါကိုလာကြည့်မယ်သူမရှိဘူး”လို့ ချမ်းအေးသာစံမြို့နယ်နေ အမျိုးသမီးတဦးက ပြောပါတယ်။

မနေ့ကလည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက် ၆၆လမ်းတလျှောက် စစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်လို့ လိုက်လံကြေညာနေတဲ့ ပျူစောထီးကားက ကားလမ်းပိတ်လို့ဆိုပြီး လမ်းပေါ်က ပြည်သူတွေကို ဆဲဆိုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆဲဆိုသံကြောင့် အိမ်တွေထဲက ပြည်သူတွေကပါ လမ်းပေါ် ကြောက်လန့်တကြားထွက်ကြည့်ကြပြီး ပျူစောထီးဆိုသူက သေနတ်ပြကာ ဆက်လက်ဆဲဆိုသွားတယ်လို့ ဆိုပါတယ်။

မဲစာရင်းကပ်ထားချိန် စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်ခေါင်း၊ ရာအိမ်ခေါင်းတွေကလည်း စောင့်ကြပ်နေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အရပ်သားအစိုးရလက်ထက်၂၀၂၀ ပြည့်နှစ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းကိုတော့ ပြည်သူတွေဟာ တက်ကြွစွာနဲ့ မဲစာရင်းလာကြည့်ခဲ့ကြပြီး မဲစာရင်းမှာမပါရင်တောင် ပုံစံ(၄-ဂ)နဲ့ လျှောက်ထားခဲ့ကြတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီပြုလုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။